ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။
ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။
ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။
ခရစ္စမတ်အားလပ်ရက်ကိုရူးသွက်ခြင်းCHRISTMAS HOLIDAY MADNESS! လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၄ခုနှစ် “လူသားတို့၏စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့်၏။ အသက်ရှင်စဉ်အခါ၊ သူတို့ သည် ရူးသောစိတ်ကို စွဲလမ်း၍၊ နောက်တဖန်သေသွားတတ်ကြ၏။”(ဒေသနာ၉း ၃ ) |
ရှောလမုန်မင်းကြီးသည် ဒေသနာကျမ်းကို ရေးသားခဲ့သည်။ သူ့ဘဝအသက်တာတွင် ကြုံတွေ့ရသောဘဝအသက်တာအတွေ့အကြုံကို တင်ပြထားခြင်းဖြစ်ပါသည်။ သူ၏စိတ်ဝိညာဉ် ကိုကျေနပ်စေရန်အရာအားလုံးကို ကြိုးစားကြည့်မြင်သည်။ သူသည် ဥာဏ်ပညာကို ရရှိရန် ကြိုးစားအားထုတ်သည်။ သူသည် ပျော်ရွှင်မှုကိုလည်း ကြိုးစားရှာဖွေသည်။ ကြွယ်ဝချမ်းသာ ကိုလည်းရှာဖွေသည်။ ဘာသာတရားကိုလည်း လိုက်လျှောက်သည်။ ကျော်စောခြင်းကိုလည်း ရှာဖွေသည်။ ကိုယ်ကျင့်တရားပိုင်းကိုလည်း ရှာဖွေခဲ့သည်။ သို့ရာတွင် နောက်ဆုံးမှတ်ချက်ပြု ထားသည်မှာ “အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်သည်” ဟူ၍ပင် ဖြစ်ပါသည်။ ( ဒေသနာ ၁း ၁၄၊ ၂း၁၁၊ ၁၇ ) သူသည် အရာအားလုံးကိုတွေမြင်ခဲ့ပြီး အရာအား လုံးကိုလည်း ကြိုးစားကြည့်သည်။ သို့သော် ရှိသမျှသည် အဓိပ္ပါယ်မရှိဘဲ အနတ္တဖြစ်ကြောင်း တွေ့မြင်ခဲ့သည်။ ထိုအကြောင်းအရာက သူ့အား တမန်တော်ရှင်ယောဟန်နှင့်အတူ “လောက နှင့်လောကတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏” ဟူ၍ အဆုံးသတ်မှတ်မှတ် ချက်ပြုကြလေသည်။ ( ၁ယော ၂း ၁၇ ) ဒေသနာကျမ်း ၉း ၃ သည် အဆိုးမြင်သည့်ကျမ်းပိုဒ်ဖြစ်ပါသည်။ ၎င်းက လူသားတို့အ ပေါ်အဆိုးမြင်ဝါဒဖြင့် ကြည့်သည်။ သို့သော် ရှောလမုန်မင်း၏စကားမှာ မှန်ကန်ကြောင်းတွေ့ရ ပေသည်။ သူသည် ဤကျမ်းပိုဒ်တွင် အလွန်တရာမှန်ကန်မှုရှိသော ဖော်ပြချက်သုံးချက်ကို တင်ပြထားပြီး ထိုအကြောင်းအရာမှာ အခြားရှိသမ္မာကျမ်းစာအကြောင်းအရာများနှင့် ကိုက်ညီ လျက်ရှိပါသည်။ “လူသားတို့၏စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့်၏။ အသက်ရှင်စဉ်အခါ၊ သူတို့ သည် ရူးသောစိတ်ကို စွဲလမ်း၍၊ နောက်တဖန်သေသွားတတ်ကြ၏။”(ဒေသနာ၉း ၃ ) ၁။ ပထမအချက် - ရှောလမုန်မင်းက “လူသားတို့၏စိတ်နှလုံးသည် ဒုစရိုက် သဘောနှင့်ပြည့်စုံ၏” ဟုဆိုပါသည်။ သူသည် အခြားကျမ်းပိုဒ်တွင် ဤအကြောင်းအရာကို ရှင်းလင်းစွာဖော်ပြထားပါ သည်။ “အပြစ်မပါဘဲ ကောင်းသောအကျင့်ကို ကျင့်သောသူတော်ကောင်း တစ်စုံတစ်ယောက်မျှ မြေကြီးပေါ်မှာမရှိ။” ( ဒေသနာ ၇း ၂၀ ) “လူတို့၏စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့်စုံ၏။” ထိုအကြောင်းအရာမှာ ယနေ့ခေတ်လူ တို့၏ယုံကြည်ချက်ပင်ဖြစ်ပါသည်။ “လူသည် အခြေခံအားဖြင့် ကောင်းသည်ဟု ကျွန်တော်ယုံ ကြည်သည်” ဟူသောလူတို့၏စကားသံကိုလည်း ထပ်တလဲလဲ ကြားရသည်။ ထိုအချက်ကို ကျိုးကြောင်းတရားနှင့် သမ္မာကျမ်းစာက အတည်ပြုထားခြင်းမရှိပါ။ ကျိုးကြောင်းတရားက လူသည် “ဒုစရိုက်သဘောရှိသည်”ဟု ပြသထားသည်။ သတင်းစာကိုဖတ်ပါ။ ရုပ်မြင်သံကြား ပေါ်က သတင်းကိုကြည့်ပါ။ အားလုံးသည် မကောင်းမှုများသာဖြစ်ပြီး ကောင်းသောအရာဟူ၍ အနည်းငယ်မျှသာရှိသည်။ “ကောင်းသည်” ဟုထင်ထားသောအရာများသည်ပင် တကိုယ် ကောင်းဆန်ခြင်း သို့မဟုတ် ဝါကြွားခြင်းမှသာလာခြင်းဖြစ်၍ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာတွင် ဆိုးသွင်းသည့် သဘောရှိပေသည်။ ကျိုးကြောင်းတရားက ရှောလမုန်၏စကား၏မှန်ကန်ခြင်း ကိုထပ်တလဲလဲပြသပေသည်။ “လူတို့၏စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့်စုံ၏။” ထို့ပြင် သမ္မာကျမ်းစာကို ဖတ်ရှုဆင်ခြင်ပါ။ ကျမ်းစာတစ်ခု၏အဆုံးမှ အခြားတစ်ခုအ ထိ လူ၏ဆိုးသွင်းသောသဘာ၀၊ လုံးဝပျက်စီးခြင်းကိုသာဖော်ပြပါသည်။ ရေလွှမ်းမိုးခြင်းမတိုင် မှီ ဤသို့ဖြစ်သည်။ “မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ် မပြတ်ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို ၊ ဘုရားသခင်သိမြင်တော်မူလျှင်၊” (ကမ္ဘာဦး ၆း ၅ ) နာမည်ကြီး ဧဝံဂေလိဆရာ ဂျွန်ဝယ်စလီက( ၁၇၀၃-၁၇၉၁ ) ၎င်း၏ “မူလအပြစ်” ဟူသော တရားဒေသနာတွင် လူတို့သည် ရေလွှမ်းမိုးခြင်းမတိုင်မှီကကဲ့သို့ပင် ယခုအချိန်တွင်လည်း အတူတူပင်ဖြစ်သည်ဟုဆိုခဲ့ပါသည်။ ဂျွန်ဝယ်စလီက ဤသို့ဆိုထားသည်။ “တညီတညွှတ်တည်းဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်းသောအကျင့်ကို ကျင့် သောသူမရှိ။ တစ်ယောက်မျှမရှိ၊( ဆာလံ ၁၄း ၃၊ ရောမ ၃း ၁၀ ) ဟု ဒါဝဒ်အား ဖြင့် ဘုရားသခင်မိန့်မူထားသည်မှာ [ရေလွှမ်းမိုး] ပြီးနောက် နှစ်ပေါင်းတစ်ထောင် ကျော်ကပင်ဖြစ်ပါသည်။ ထိုအရာကို ပရောဖက်များက သက်သေထူပါသည်။ ထို့ ကြောင့် ဟေရှာယက “ဦးခေါင်းသည် အနာသက်သက်ရှိ၏။ နှလုံးသည်လည်း ခွန်အားအလျှင်မရှိ။ ခြေဖဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာခြင်းမရှိ။စုတ်ရှ သောအနာ၊ ထိခိုက်၍ရောင်သောအနာ၊ ရိယွဲသောအနာသက်သက်ရှိ၏။” (ဟေရှာယ ၁း ၅-၆ )ဟုဆိုပါသည်။ တမန်တော်များကလည်း ထိုသို့သော သ ဘောအတိုင်းဖော်ပြထားကြပါသည်။ ဤအမှုအရာတိုင်းမှ ကျွန်တော်တို့သင်ယူရ ရှိသောအရာမှာ သဘာဝအခြေအနေတွင် လူနှင့်ပါတ်သက်၍ “ဆိုးညစ်”၊ “ဆက် လက်ဆိုးညစ်” နေသေးသည်ကို သင်ယူရရှိပါသည်။ (John Wesley, M.A., “Original Sin,” The Works of John Wesley, Baker Book House, 1979၊ အတွဲ ၆၊ စာ-၅၇၊ ၅၈ ) ပရောဖက်ယေရမိဆိုသည်မှာ ဤသို့ဖြစ်သည်။ “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက်စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကိုအဘယ်သူသိနိူင်သနည်း။( ယေရ ၁၇း ၉ ) ထို့ကြောင့် သမ္မာကျမ်းစာသည် တစ်ခုအဆုံးမှ အခြားတစ်ခုတိုင်အောင် ကြည့်ရှုသောအခါ ရှောလမုန်၏ ဖော်ပြချက်ဖြစ်သည် “ လူသားတို့၏စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့်၏” ဟူသောအချက်ကို ထောက်ခံလေ့ရှိပါသည်။ ထိုအရာကို သတင်းစာနှင့် ရုပ်မြင်သံကြားက နေ့စဉ်နေ့တိုင်းအတည်ပြုနေ ကြောင်း ဖော်ပြထားပါသည်။ “လူသားတို့၏စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့်၏။” ၂။ ဒုတိယအချက် - ရှောလမုန်မင်းက “အသက်ရှင်စဉ်အခါ သူတို့သည် ရူး သောစိတ်ကိုစွဲလန်း၍” ဟုဆိုပါသည်။ “လူသားတို့၏စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့်၏။ အသက်ရှင်စဉ်အခါ၊ သူတို့ သည် ရူးသောစိတ်ကို စွဲလမ်း၍၊ နောက်တဖန်သေသွားတတ်ကြ၏။”(ဒေသနာ ၉း ၃) “ရူးသောစိတ်” ဟုခေါ်သော ဟေဗြဲစကားလုံး၏မူရင်းစကားလုံးက “မိုက်မဲခြင်း”ဟု ဆိုလိုပေ သည်။ (Strong, ၁၉၈၄) ထိုစကားလုံး၏ဂရိစကားမှာ “howlelah” ဖြစ်ပြီး “ရူးသွက်ခြင်း” ဟု ဆိုလိုပေသည်။ (Strong, ၁၉၄၇ ) ရူးသွက်ခြင်း၊ စိတ်ကယောင်ကတန်းဖြစ်ခြင်း၊ စိတ်အာရုံ လွင့်ပျံ့စေခြင်း၊ သွေးရူးသွေးတန်းဖြစ်ခြင်း၊ ကြမ်းတမ်းခြင်းတို့သည် ၎င်း၏ပုံဥပမာများဖြစ်ကြ သည်။ “ အသက်ရှင်စဉ်အခါ သူတို့သည် ရူးသောစိတ်ကိုစွဲလမ်းကြသည်။” Strong ၏ ကိုးကားချက်စာအုပ်က “ပြသခြင်း၊ မိုက်မဲသောသူဖြစ်ခြင်း၊ ကျင်းပပြုလုပ်ခြင်း၊ ဒေါသဖြစ်ခြင်း” စသောအဓိပ္ပါယ်ဖြင့် ဟေဗြဲစကားလုံး၏ဇစ်မြစ်ကို ပြောပြထားသည်။ Matthew Henry က လူတို့အား “….. သူတို့သည် ရူးသွက်ကြသည်၊ သူတို့ကြိုက်နှစ်သက်သောအရာဖြင့် အကျိုးအ မြတ်ရှိဟန်တူကြသည်။ သို့သော် သူတို့သည် စိတ်ကူးယဉ်နှင့် အတွေးအခေါ်များဖြင့် ရူးသွက် နေကြပေသည်” ဟုဆိုထားသည်။ (Matthew Henry’s Commentary on the Whole Bible, Hendrickson Publishers, ၁၉၉၆၊ အတွဲ ၃၊ စာမျက်နှာ ၈၄၉၊ ဒေသနာ ၉း ၆ မှတ်စု ) လူ့စိတ်နှလုံး၏မိုက်မဲခြင်းသည် ရုပ်တုကိုးကွယ်ခြင်းဆိုင်ရာပုံစံအမျိုးမျိုးအဖြစ်သို့ ကျယ်ပြန့်သွားသည်။ ပရောဖက်ယေရမိက “ပြည်သားတို့သည် ရုပ်တုတို့ကို အမှီပြု၍ဝါးကြွား ကြ၏” (ယေရမိ ၅၀း ၃၈ ) ဟုဆိုသည်။ “အသက်ရှင်စဉ်အခါ သူတို့သည် ရူးသောစိတ်ကိုစွဲ လမ်းကြသည်။” ( ဒေသနာ ၉း၃ ) ကျွန်တော်တို့ခေတ်ခါတွင်ရှိသောလူများသည်လည်း “သူတို့၏ရုပ်တုဆင်းတုကိုအမှီပြု၍ ဝါးကြွားကြသည်။ သူတို့၏ရုပ်တုမှာ ညစ်ညမ်းသောစာပေ ရုပ်ပုံ၊ ရုပ်လောက ပစ္စည်းများ၊ အပြစ်နှင့်ပြည့်နှက်သောပျော်ရွှင်မှု စသည်တို့ဖြစ်ပေသည်။” လူသား၏ရူးသွက်သောစိတ်နှလုံးကို ပွင့်လင်းစွာခင်းကျင်းပြသသည့်အချိန်တွင် “ကျောင်းပိတ်ရက်များ” သည်နှစ်တစ်နှစ်၏အချိန်ဖြစ်ပါသည်။ ခရစ္စမတ်နှင့် နှစ်သစ်ကူးအချိန် နှင့်ပါတ်သက်၍ လူတို့စိတ်နှလုံး၏ရူးသွက်ခြင်းသည် မီးတောင်ပေါက်ကွဲခြင်းကဲ့သို့ ဆိုးညစ်လှ ပါသည်။ Dr. A. W. Tozer ( ၁၈၉၇-၁၉၆၃ ) က ဤသို့ဆိုပါသည်။ ရူးသွက်ခြင်းအမျိုးအစားတစ်ခုက ပြည်သူပြည်သားများကို ဆုတ်ကိုင်ထားသည်။ ထို့နောက်သူသည် သူရှိနေသောနေရာထက် အခြားနေရာတွင် လူတိုင်း၏ အခန်း ကဏ္ဍကိုရရှိရန်ကြိုးစားမှုကို စတင်ပါတော့သည်။ ထိုအကြောင်းအရာသည် အ ဘယ်အရာဖြစ်သည်ကိုမေးမြန်းရန်အဘယ်သူမျှ အစမပြုပါလေ။ သို့သော် ဆေးရုံ တွင်မရှိသောသူ၊ သို့မဟုတ် ထောင်ထဲတွင် မရှိသောသူတိုင်းသည် နေရာတိုင်း တွင်ဆက်နွယ်မှုရှိနေပြီး၊ ပြန်လာသည်။ တားဆီးမရနိူင်သောတွန်းအား က ကျွန်တော်တို့အများစုကို လေထဲတွင်လွင့်ပါတတ်သော အစေ့မပါသည့် စပါးခွံကဲ့ သို့ အန္တရယ်ရှိစွာ ဖျက်ဆီးနိူင်ပါသည်။ (A. W. Tozer, D. D., “Midsummer Madness,” in God Tells the Man Who Cares, Christian Publications, ၁၉၇၀၊ စာ- ၁၂၇၊ Dr. Tozer အကြောင်းဖတ်ရန် ဤနေရာတွင်နှိပ်ပါ။ လွန်ခဲ့သောနှစ်ပေါင်း ငါးဆယ်ကျော်က Dr. Tozer ပြောခဲ့သော “နွေလယ်ခေါင်ရူးသွက်ခြင်း” အကြောင်းသည် ယခုတွင် ထိုထက်များပြားသောအရာမဟုတ်ခဲ့လျှင် ဆောင်းရာသီနှင့် မိုးရာသီ “ကျောင်းပိတ်ရက်” ရူးသွက်ခြင်း နှင့်တူညီစွာအသုံးချနိူင်သည်။ လူတို့သည် “ရယ်ရွှင်” လုပ်ဆောင်ရန် “သွေးရူးသွေးတန်းကြိုးစားမှုတစ်ခု” တွင် ကြမ်းတမ်းစွာသွားခဲ့ကြပြီး ခရစ္စမတ် နှင့်နှစ်သစ်ကူး ကျေးဇူးတော်ချီးမွမ်းခြင်းတွင် “သူတို့ရှိနေသည်နေရာထက် အခြားနေရာများ တွင်ရောက်ရှိကြပေသည်။” ကျေးဇူးတော်ချီးမွမ်းခြင်းတွင် ထောင်ပေါင်းများစွာသောလူတို့ကို လေယာဉ်ကွင်းတွင် ပိတ်မိခဲ့ပြီး “ရယ်ရွှင်စရာ” ဟုခေါ်သောအရာအတွက် အရှေ့သို့မဟုတ် အနောက်တွင် ပြန်လည်ရောက်ရှိရန်ကြိုးစားခဲ့သည်။ သူတို့အဘယ်သူမျှ ဘုရားကျောင်းသို့ သွားပြီး ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းရန် မစဉ်းစားကြပေ။ ဤ “ကျောင်းပိတ်ရက်ရူးသွက်ခြင်းသည်” အပေါက်အပြဲဖြစ်ခြင်းဖြင့်အစပြုပေသည်။ ဘုရားကျောင်းသို့ အနည်းငယ်သာလာရောက်ခဲ့သောလူငယ်လေးက သူမသည် ရှေးဟောင်း ဝတ်စုံကို ဝတ်ဆင်ခြင်းဖြင့် ဘုရားဝတ်ပြုခြင်းကို ပျက်ကွက်ရမည်ဟုဆိုပါသည်။ သူမသည် ခေတ်ဟောင်းဝတ်စုံဝတ်ဆင်ခြင်းကို အစပြုရန် တနင်္ဂနွေနေ့ နံနက် ၁၀း ၃၀ အစီအစဉ်ကို လွဲချော်ရပေမည်။ နောက်ဆုံးတွင် ပါတီပွဲသည် ညနေ ၂း ၀၀ တွင် အစပြုပေလိမ့်မည်။ သူမသည် ကောင်းမွန်စွာ ဝတ်စားဆင်ယင်ဖို့ရန်အတွင် အချိန်နာရီများစွာ အသုံးပြုရပေလိမ့် မည်။ ထိုအရာသည် ရူးသွက်ခြင်းမှတပါး အဘယ်အရာဖြစ်ပါသနည်း။ ကျောင်းပိတ်ရက် ရူးသွက်ခြင်းပင်ဖြစ်ပါသည်။ ပြည်သားတို့သည် ရုပ်တုဆင်းတုတို့ကို အမှီပြု၍ဝါးကြွား ကြ၏” (ယေရမိ ၅၀း ၃၈)“အသက်ရှင်စဉ်အခါ သူတို့သည် ရူးသောစိတ်ကိုစွဲ လမ်းကြသည်။” (ဒေသနာ ၉း၃ ) ထို့အပြင် ထိုအရာသည် သာ၍ဆိုးရွားလာပေမည်။ “ကျောင်းပိတ်ရက်” ၏ရူးသွက် ခြင်းတွင် လူတို့သည် Dr. Tozer ပြောဆိုသကဲ့သို့ “သူတို့နေသောနေရာထက် အခြားနေရာ သို့ရောက်ရှိနိူင်ကြစေရန်” လမ်းချော်ထွက်သွားကြသည်။ လူများစွာတို့သည် အိမ်၌နေခြင်းနှင့် ခရစ္စမတ်နှင့်နှစ်သစ်ကူးနေ့များတွင် ဘုရားကျောင်းလာခြင်းအကြောင်းကို လုံးဝသိရှိထားခြင်း မရှိကြပါ။“တားဆီးမရနိူင်သောတွန်းအားက ကျွန်တော်တို့အများစုကို လေထဲတွင် လွင့်ပါတတ် သောအစေ့မပါသည့် စပါးခွံကဲ့ သို့ အန္တရယ်ရှိစွာ ဖျက်ဆီးနိူင်ပါသည်။” ၁၉၄ဝခုနှစ်ဝန်းကျင် ကျွန်တော်ငယ်ရွယ်စဉ်အခါတွင် လူတို့သည် အိမ်တွင်နေထိုင်ပြီး အားလပ်ရက်အချိန်တွင်သာ ဘုရားကျောင်းသို့သွားကြသည်။ ယနေ့ခေတ်တွင် ကျေးဇူးတော် ချီးမွမ်းခြင်း၊ ခရစ္စမတ်၊ နှင့် နှစ်သစ်ကူးအချိန်တွင်သာ “ရူးသွက်ချင်သည်” သဘောတွေ့ရပါ သည်။ “သူတို့စိတ်နှလုံး…..ရူးသွက်ခြင်း” သည် သူတို့၏အိမ်မှမောင်းထုတ်ပြီး အသင်းတော်သို့ လာ၍ “ရယ်မောခြင်း” တည်းဟူသော ရုပ်တုရှေ့တွင်ဒူးထောက်ကြပေသည်။ သင်သည် ခရစ္စမတ်နေ့တွင် ဘုရားကျောင်းတွင် အရူးတစ်ယောက်ရှိရန်မမျှော်လင့်ဘူးမဟုတ်လား။ သူတို့ ၏အတွေးအခေါ်ယူဆချက်များသည် မှားယွင်းသောအရာများပင်ဖြစ်သတည်း။ ကျွန်တော်သည် တရားဝင်အုပ်စိုးသူအဖြစ်တိုက်ခိုက်ခြင်းခံရပြီး ပို၍ဆိုးရွားပါသည်။ အကြောင်းမူကား၊ “အားလပ်ရက်” အတွင်း သူတို့အသင်းတော်တွင်ရှိနေရန်ပြောခြင်းမှာ သာ၍ ဆိုးရွားသောအရာဖြစ်ပါသည်။ သို့သော် ကျွန်တော် ခေတ်နောက်ပြန်ဆွဲသည်မဟုတ်ပါ။ ခရစ် တော်မိန့်တော်မူသည်မှာ ဤသို့ပင်ဖြစ်ပါသည်။ “သင်တို့ကို မုန်းသောအခါ၊ ပယ်ရှားနှင်ထုတ်၍ကဲ့ရဲ့ခြင်း၊ အသရေရှုတ်ချခြင်းကိုပြု သောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။ ထိုကာလ၌ ဝမ်းမြောက်ခြင်းရှိကြလော့။ ရွှင်မြူးသောစိတ်နှင့် ခုန်ကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏ အကျိုးသည် ကြီးလှပေ၏။ သူတို့၏ဘိုးဘေးများသည် ပရောဖက်တို့ကို ထိုသို့ပင်ပြု ကြပြီ။” (လုကာ ၆း ၂၂- ၂၃ ) ကျွန်တော်က Dr. A. W. Tozer ကဲ့သို့ပင် “အားလပ်ရက်ရူးသွက်ခြင်း” ကိုဆန့်ကျင် ပြောဆိုရန်သတ္တိ တရားဟောသူတိုင်းအပေါ်ရှိရန် အလိုရှိပါသည်။ ယခုအချိန်သည် တရား ဟောသူများအနေဖြင့် လောကအရာများ၊ အရက်သောက်သုံးခြင်းများ၊ “ထိုအားလပ်ရက်” ရူး သွက်ခြင်းများကို ဆန့်ကျင်ဟောကြားရန် အချိန်မဟုတ်ပေဘူးလား။ Dr. Tozer ကဲ့သို့ ပြောဆို ရန်အချိန်မဟုတ်ပေဘူးလား။ ကျွန်တော်တို့သည် “သေခြင်းကပွဲ”ထဲတွင်စီးမျှောနေသော ကျွန်တော်တို့၏လူများကို ပြန်လည်ကယ်တင်ရန Dr. Tozer ကဲ့သို့ပရောဖက်အသံကိုပြုရန် လိုအပ်ပါသည်။ ကျွန်တော်တို့၏လူများသည် ငိုကြွေးမြည်တမ်းနေကြသည်။ ရှေးခေတ်ရောမ အင်ပါယာကျဆုံးသကဲ့သို့ ကျွန်တော်တို့၏အမေရိကန်ပြည်သည်လည်း အားကစားနှင့် မူယဇ် ဆေးဝါးဖြင့် ရုန်းကန်နေရပါသည်။ ကျွန်တော်တို့သည် လာဇ်ဗီဂဲ့စ်သို့ခရီးနှင်ကြပါစို့။ ဆန်ဖရန်ဆစ္စကို၊ ဆန်ဒိုင်ရာကို၊ သို့ ခရီးနှင်ကြပါစို့။ သောဒုံ၊ ဂေါမောရသို့သွားကြပါစို့။ သူတို့နှင့်ပါတ်သက်သောအကြောင်းအရာကို တွေ့ရှိရပေသည်။ ( တရားသူ ၇ ) သူတို့သည် ခရစ္စမတ် သို့မဟုတ် နှစ်သစ်ကူးသို့သွားရန် နေရာမရှိကြတော့ပေ။ “အားလပ်ရက်” ရူးသွက်ခြင်းကို ရှောင်ကြဉ်ပါ။ “ရယ်ရွှင်မောစရာ” ရုပ်တုဆင်းတုအနားတွင်ရှိနေမည့်အစား ခရစ်တော်ကို ကိုးကွယ်ဝတ်ပြုရန် ဘုရားသခင်၏လူ များနှင့် ဘုရားကျောင်းတွင် ရှိနေပါ။ သမ္မာကျမ်းစာက ဤသို့ဆိုပါသည်။ “ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေကြလော့ ဟု သခင်ဘုရားမိန့်တော် မူ၏။” ( ၂ ကော ၆း ၁၇ ) “အားလပ်ရက်” ရူးသွက်ခြင်းကို လွှင့်ပစ်လိုက်ပါ။ လွှတ်လိုက်ပါ။ လွှတ်လိုက်ပါ။ ခရစ္စမတ်နှင့် နှစ်သစ်ကူးအချိန်ခါသမယတွင် ကျွန်တော်တို့နှင့်အတူ အသင်းတော်တွင်ရှိနေပါ။ ကျွန်တော် တို့၏ကျမ်းပိုဒ်တွင် နောက်ဆုံးစကားစုတစ်ခုရှိပါသေးသည်။ ၃။ တတိယအချက် ရှောလမုန်မင်းက “ နောက်တဖန်သေသွားတတ်ကြ၏” ဟု ဆိုပါသည်။ ကျေးဇူးပြုပြီး မတ်တပ်ရပ်ကာ ဒေသနာ ၉း ၃ ကို ဖတ်ရှုကြပါစို့။ “လူသားတို့၏စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့်၏။ အသက်ရှင်စဉ်အခါ၊ သူတို့ သည် ရူးသောစိတ်ကို စွဲလမ်း၍၊ နောက်တဖန်သေသွားတတ်ကြ၏။”(ဒေသနာ ၉း ၃) သင်တို့အားလုံးထိုင်နိူင်ပါသည်။ “နောက်တဖန်သေသွားတတ်ကြ၏။” သေခြင်း။ ရူးသွက်ခြင်းဘ၀၏နောက်ကွယ်တွင် ဖြစ်ပေါ်လာသည့် အရာပင်ဖြစ်ပါ သည်။ သေခြင်း၊ မိုက်မဲခြင်း၊ သေခြင်း၏အေးစက်သောအမှန်တရားသည် “ရယ်ရွင်ဖွယ်” တည်းဟူသော စာတန်၏ရုပ်တုနောက်သို့ ရူးမိုက်စွာလိုက်ခြင်းဖြင့် လွတ်မြောက်နိူင်မည်မဟုတ် ပါ။ သင်္ချိုင်းတွင်းတွင် ရယ်ရွင်ဖွယ်မရှိပါ။ ငရဲတွင်လည်း ရယ်ရွှင်ဖွယ်မရှိပါ။ သမ္မာကျမ်းစာက ဤသို့ဆိုပါသည်။ “သူဌေးသည်လည်း သေလွန်၍ သဂြိုလ်ခြင်းကိုခံရလေ၏။ မရဏာနိူင်ငံ၌ ပြင်းပြစွာ သောဝေဒနာကို ခံရလျက်မျှော်ကြည့်၍….။” ( လုကာ ၁၆း ၂၂-၂၃ ) ယေရှုက “ထိုသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့ ၎င်း သွားရလိမ့်မည်”ဟုဆိုသည်။ (မဿဲ ၂၅း ၄၆ ) “လူသားတို့၏စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့်၏။ အသက်ရှင်စဉ်အခါ၊ သူတို့ သည် ရူးသောစိတ်ကို စွဲလမ်း၍၊ နောက်တဖန်သေသွားတတ်ကြ၏။”(ဒေသနာ ၉း ၃) Dr. John Gill က ဤကျမ်းပိုဒ်ကို ဤသို့ဆိုသောအချိန်တွင် ပြောဆိုသည်။ သူတို့ဘဝအသက်တာများသည် ဆိုးသွင်းရူးမိုက်ပြီးနောက် သေကြေကြပြီး သေ ခြင်း၏အခြေအနေသို့ရောက်ရှိခဲ့ကြသည်။ သူတို့သည် ငရဲသို့သွားကြသည်။ (John Gill, D.D., An Exposition of the Old Testament, The Baptist Standard Bearer, ၁၉၈၉၊ အတွဲ ၄၊ စာ- ၆၀၇၊ ဒေသနာ ၉း ၃ မှတ်ချက် ) ဘဝတွင် အရေးကြီးဆုံးသော အရာမှာ ပျော်ရွှင်မှုတွေကို ရှာဖွေခြင်းမဟုတ်ပါ။ “ရယ်ရွှင်ဖွယ်” လုပ်ဆောင်ခြင်းသည် နောက်ဆုံးသောတရားစီရင်ခြင်းတွင် ဘုရားသခင်ကို ပြင် ဆင်မှုမရှိဘဲ သွားတွေ့မည်ဆိုလျှင် ထာဝရအတွက် အကျိုးမရှိဖြစ်ပါသည်။ သင်၏အပြစ်ကို သိမြင်ဟန်ရှိပေမည်။ သင်သည် အပြစ်ကိုကျောခိုင်ပြီး ခရစ်တော်ထံပါး ပြန်လာရမည်။ သင် သည် ကျေးဇူးတော်အားဖြင့် ခရစ်တော်ထံ ဆောင်ယူခြင်းခံရပေမည်။ သင်၏အပြစ်ကိုလည်း ထာဝရအသွေးတော်အားဖြင့် ဆေးကြောပေလိမ့်မည်။ ယေရှုက မိန့်တော်မူသည်မှာ “သင်သည် အသစ်တဖန်မွေးဖွားရမည်။” ( ယောဟန် ၃း ၇ ) ရှောလမုန်မင်းသည် ဒေသနာကျမ်းကို ရေးသားသည့်အချိန်တွင် အသက်အရွယ်ကြီး ရင့်နေသည်။ ဖခင်က သားသမီးများကိုပြောသည့် သဘောဖြင့် ရေးသားထားပါသည်။ ကျွန်တာ်သည် လောကကြီးတွင် အသက် ၇၄နှစ်ဦးပါးအသက်ရှင်နေထိုင်ပြီးပြီ။ ယနေ့ နံနက် တွင် ကျွန်တော်သည အသက်ကြီးသော ဦးလေးကြီးကို ပြောနေသကဲ့သို့ သင့်ကိုပြောနေပါ သည်။ ကျွန်တော်သည် သင်တို့အား အောင်မြင်သောခရစ်ယာန်အသက်တာရစေလိုသည်။ ကျွန်တော်၏စကားကို နားထောင်ကြမည်ဟု မျှော်လင့်ပါသည်။ ဒေသနာကျမ်း၏အဆုံးတွင် ရှောလမုန်မင်းက “သင်သည် အသက်ပျိုစဉ်အခါ သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို သတရပါ” ဟုဆိုပါသည်။ ( ဒေသနာ ၁၂း ၁ ) အသက်ပျိုစဉ်အချိန်သည် ထာဝရအချိန်ကာလ ကို အလေးအနက်စဉ်းစားရမည့်အချိန်ဖြစ်ပါသည်။ ကျွန်တော်သည် ရှောလမုန်ကဲ့သို့ပင် အသက် ၇၄ နှစ်ရှိနေပြီ ဖြစ်သောကြောင့် သင်တို့သည် ကျွန်တော်၏စကားကို နားထောင်ကြ မည်ဟု မျှော်လင့်ပါသည်။ သင်သည် အသက်ပျိုစဉ်အခါ ခရစ်တော်ကိုရှာဖွေပြီး ထာဝရအ ကြောင်းစဉ်းစားရန် သင့်အတွက် မည်မျှအရေးကြီးကြောင်းကို ကျွန်တော်သိပါ၏။ တရားဒေသ နာမတိုင်မှီ Mr. Griffith သီဆိုသောစကားလုံးကိုလည်း နားထောင်ပါ။ ထာဝရကာလကို မည်သည့်နေရာတွင်ကုန်ဆုံးစေမည်နည်း၊ သင်နှင့်ကျွန်ုပ် မေးခွန်းဖြစ်နေသည်။ ထာဝရကာလနှင့်ပါတ်သက်ပြီး အလေးအနက်ထားစဉ်းစားခြင်းသည် “အားလပ်ရက် ရူးသွက်ခြင်း” ဆိုင်ရာစိတ်ဝိညာဉ်ရှုပ်ထွေးခြင်းမှ သင့်အားကယ်တင်တော်မူလိမ့်မည်။ ကယ် တင်ရှင်ယေရှုအကြောင်းစဉ်းစားခြင်းသည် အပြစ်မှ သင့်ကို နိူးထစေပြီး ခရစ်တော်တွင်ရှိသည့် ကယ်တင်ခြင်းဆီသို့ ဦးဆောင်နိူင်ပေမည်။ သင်၏အပြစ်ကြွေးအတွင် သူသည် လက်ဝါးကပ် တိုင်ပေါ်တွင် အသေခံတော်မူသည်။ သင့်အား ထာဝရအသက်ကိုပေးရန် သေခြင်းမှ ပြန်လည် ထမြောက်တော်မူခဲ့သည်။ ခရစ်တော်အကြောင်းကို အလေးအနက်ထားပါ။ ခရစ္စမတ်စား သောက်ပွဲ၊ ခရစ္စမတ်အကြို၊ နှင့် နှစ်သစ်ကူးအကြိုအတွက်ဖြစ်စေ ဘုရားကျောင်းတွင်ရှိနေရန် အစီအစဉ်ချမှတ်ပါ။ ဘုရားသခင်ကောင်းကြီးပေးပါစေ။ အာမင်။ Dr. Chan ကျေးဇူးပြုပြီး ဆုတောင်းဦးဆောင်ပါ။ (တရားဒသေနာနိဂုံး) Dr. Hymers ကkd rlhymersjr@sbcglobal.net
၏ခှငျ့ပွုခကျြ တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို Mr. Abel Prudhomme ကဆောင်ရွက်သည်။ လုကာ ၁၆း ၁၉-၂၆ |
အခွပွေုကမျြး ခရစ္စမတ်အားလပ်ရက်ကိုရူးသွက်ခြင်းအကျဉ်းချုပ် CHRISTMAS HOLIDAY MADNESS! Dr. R. L. Hymers, Jr. “လူသားတို့၏စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့်၏။ အသက်ရှင်စဉ်အခါ၊ သူတို့ သည် ရူးသောစိတ်ကို စွဲလမ်း၍၊ နောက်တဖန်သေသွားတတ်ကြ၏။” ((ဒေသနာ ၉း ၃) ( ဒေသနာ ၁း ၁၄၊ ၂း ၁၁၊၁၇၊ ၁ ယော ၂း ၁၇ ) ၁။ ပထမအချက် - ရှောလမုန်မင်းက “လူသားတို့၏စိတ်နှလုံးသည် ဒုစရိုက် ၂။ ဒုတိယအချက် - ရှောလမုန်မင်းက “အသက်ရှင်စဉ်အခါ သူတို့သည် ရူး သောစိတ်ကိုစွဲလန်း၍” ဟုဆိုပါသည်။ ၃။ တတိယအချက် ရှောလမုန်မင်းက “ နောက်တဖန်သေသွားတတ်ကြ၏” ဟု ဆိုပါသည်။ လုကာ ၁၆း ၂၂- |