Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ခက်ခဲသည့်ကာလ၌ ခွန်အားနှင့်သတိပေးချက်-
ယခုနှင့်အနာဂတ်ကာလ၌

ENCOURAGEMENT AND WARNING IN TRIBULATION –
NOW AND IN THE FUTURE
(Burmese)

တရားဒေသနာကို ဒေါက်တာ R. L. Hymers, Jr. က ရေးသားပြီး
ဒေါက်တာ Christopher L. Cagan က လော့စ်အိန်ဂျယ်လ်ရှိ
Baptist Tabernacle အသင်းတော်၌ ၂၀၁၉ခုနှစ်
မေလ ( ၁၉ ) ရက်၊ သခင်ဘုရား၏နေ့ ညနေပိုင်းတွင် ဟောကြားသည်။
A sermon written by Dr. R. L. Hymers, Jr.
with material by Dr. Christopher L. Cagan
preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, May 19, 2019

“သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကား ကို ငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရ ကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကို အောင်ပြီဟု မိန့်တော်မူ၏။” ( ယောဟန် ၁၆း ၃၃ )


“သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကား ကို ငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရ ကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကို အောင်ပြီဟု မိန့်တော်မူ၏။” ( ယောဟန် ၁၆း ၃၃ )

ယေရှုက “သင်တို့သည် ဤလောက၌ ဒုက္ခဆင်းရဲကိုခံရမည်” ဟု မိန့်တော်မူခဲ့သည်။ “ဒုက္ခဆင်းရဲ” ဟူသောစကားလုံးမှာ ထိလိစစ်ဆ် ဖြစ်သည်။ “ဖိအား” ဟုလည်း အနက်ဖွင့်နိုင် ပါသည်။ ကျွန်ုပ်တို့သည် ဘဝတွင် ဖိအားများစွာကို ရင်ဆိုင်ကြုံတွေ့ရသည်။ သို့သော် အခက် ခဲဆုံးဖိအားမူ ရောက်မလာသေးပေ။ ဒုက္ခဆင်းရဲခြင်းသည် ခရစ်တော်က သံလွင်တောင်ပေါ် ကြွလာပြီး လောကကြီးကို ဖြောင့်မတ်စွာ အုပ်ချုပ်ခြင်းမတိုင်မှီ ခုနှစ်နှစ်ဘေးဒဏ်ကာလဖြစ်ပါ သည်။ ထိုဘေးဒဏ်ကြီး၏အဆိုးဆုံးမှာ နောက်ဆုံး သုံးနှစ်ခွဲပင်ဖြစ်ပါသည်။ ခရစ်တော်မလာ မှီ သုံးနှစ်ခွဲတွင် အန္တီခရစ်သည် လောကကို အုပ်စိုးလိမ့်မည်။ သမ္မာကျမ်းစာက ခရစ်ယာန် တိုင်းသည် ဤခုနှစ်နှစ်အတွင်းတွင် မာတုရဖြစ်မည်ဟု ဖော်ပြထားသည်။

တမန်တော်ယောဟန်က ဘေးဒဏ်ကြီးကလအတွင်း ခရစ်ယာန်တို့၏ ဝိညာဉ်ကို ကောင်းကင်အရပ်၌ တွေ့ခဲ့သည်။ သူက ဤသို့ဆိုပါသည်။

“ဘုရားသခင်၏နှုတ်ကပတ်တော်ကြောင့်၎င်း၊ မိမိတို့သက်သေခံ ချက်ကြောင့်၎င်း၊ အသေသတ်ခြင်းကို ခံရသောသူတို့၏ဝိညာဉ် များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။” ( ဗျာဒိတ် ၆း ၉ )

ဆက်လက်၍ ဤသို့ဆိုသည်။

“သူကလည်း၊ ဤသူတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခအထဲက ထွက်မြောက်၍၊ မိမိတို့ဝတ်လုံတို့ကို သိုးသူငယ်၏အသွေး၌ လျော် ၍ ဖြူစေသောသူဖြစ်ကြသတည်း။” ( ဗျာဒိတ် ၇း ၁၄ )

ဤခုနှစ်နှစ်ကာလသည် သမိုင်းတစ်လျှောက် အခြားသောအချိန်ကာလထက် ပိုမိုဆိုးသွင်းလိမ့် မည်။ ယေရှုက ဤသို့မိန့်တော်မူခဲ့သည်။

“အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး။ နောက်၌လည်း မဖြစ်လတံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာ လ၌ဖြစ်လိမ့်မည်။ ထိုကာလတာရှည်လျှင် အဘယ်သူမျှ မလွတ် နိုင်ရာ။ ရွေးချယ်သောသူတို့အဘို့အလို့ငှါ ထိုကာလသည် တိုလိမ့် မည်။” ( မဿဲ ၂၄း ၂၁` )

ဟုတ်ပါသည်။ ထိုအရပ်တွင် ချီဆောင်ခြင်းလည်း ရှိပါမည်။ သမ္မာကျမ်းစာက ဤသို့ ဆိုသည်။

“သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင်၏တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်း ကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန် သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက် ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင် ဘုရားထံတော်သို့ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ် ပေါ်သို့ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်နေရကြလိမ့်မည်။” ( ၁ သက် ၄း ၁၆- ၁၇ )

ကျွန်ုပ်တို့က ဤကတိတော်သည် ဘေးဒဏ်ကြီးကာလမတိုင်မှီ ယနေ့တွင် ဒုက္ခဆင်း ရဲခြင်းမရှိစေရန် ပယ်ဖျက်ပေးမည် ဟု မထင်ရပါ။ ကျွန်ုပ်တို့အခြေပြုကျမ်းထဲတွင် ယေရှုက ခရစ်ယာန်တို့သည် ဤကာလတစ်လျှောက်တွင် ဘေးဒဏ်ကြီးကာလကို ရင်ဆိုင်ရမည်အ ကြောင်း မိန့်တော်မူခဲ့သည်။

“သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကား ကို ငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရ ကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကို အောင်ပြီဟု မိန့်တော်မူ၏။” ( ယောဟန် ၁၆း ၃၃ )

+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

ကျွန်ုပ်တို့၏တရားဒေသနာကို သင်၏ဖုန်းတွင် ယခုဖတ်ရှုနိုင်ပါသည်။
WWW.SERMONSFORTHEWORLD.COM. သို့သွားပါ။
အပေါ်တွင် “APP” စကားလုံးပါရှိသည့် အစိမ်းရောင် ခလုတ်လေးကို နှိပ်ပါ။
ထွက်ပေါ်လာသည့်ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပါ။

+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

ယေရှုက ဤနေရာတွင် မိန့်တော်မူခဲ့သောအရာကို အလေးထား ဆင်ခြင်ကြပါစို့။ ကျမ်းပိုဒ်၏ ဒုတိယအပိုင်း၊ ပြီးတော့ ပထမအပိုင်း၊ နောက်ဆုံးအပိုင်း စသဖြင့် ကျွန်ုပ်က မှတ်ချက်ပေးသွား မည်။

၁။ ပထမအချက်၊ “သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြမည်။”

ယေရှုသည် ဤကျမ်းပိုဒ်ကို တပည့်တော်တို့အား မိန့်တော်မူခဲ့သည်။ ဤအရာသည် ယနေ့ခေတ်တွင် ခရစ်ယာန်အားလုံး လက်တွေ့အသုံးချနိုင်သည်။ ခရစ်ယာန်များသည် ကိုယ် ကာယ၌ ဒုက္ခဆင်းရဲခြင်းကို ခံရလိမ့်မည်။ တမန်တော်ပေါလုက ဤသို့ရေးသည်။

“ငါခံရသော ဗျာဒိတ်တော် အလွန်ထူးမြတ်၍ ငါသည် ထောင်လွှား သောစိတ် မရှိစေခြင်းငှါ၊ ငါ့ကို ဒဏ်ခတ်သော စာတန်၏တမန် တည်းဟူသော ငါ့ကိုယ်၌စူးသော ဆူးကို ပေးတော်မူ၏။” ( ၂ ကော ၁၂း ၇ )

ဤအရာက ရှင်ပေါလုကိုယ်တိုင် မျက်စိဖြင့် မြင်ရသော ပြဿနာဖြစ်ဟန်တူပါသည်။ ခရစ် ယာန်များသည် ကိုယ်ကာယ နာကျင်ခြင်း၊ ဖျားနာခြင်း၊ သေခြင်းဟူသော ဆင်းရဲဒုက္ခကို ဖြတ် ကျော်ရပါမည်။ ကျွန်ုပ်တို့သည် ခရစ်ယာန်ဖြစ်လာလို့ ကိုယ်ကာယ နာကျင်ခြင်း၊ ဝေဒနာက လွတ်သည်ဟု မဆိုလိုပါ။

ခရစ်ယာန်များသည် ကျွန်ုပ်တို့နေထိုင်ရာ ကျဆုံးပြီး အပြစ်နှင့်ပြည့်နှက်သောကမ္ဘာ ကြီးပေါ်တွင် ဆင်းရဲဒုက္ခကို ကြုံတွေ့ရမည်။ တမန်တော်ရှင်ပေါလုက ခရစ်ယာန်တို့ ကြုံတွေ့ မည့်အရာနှင့်ပတ်သက်ပြီး ဤသို့ဆိုသည်။

“အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့သည် အစဉ်မ ပြတ် အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဘို့ရာ ထားသော သိုး ကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ၏ဟု ကျမ်းစာလာ သည်နှင့်အညီ၊ ဆင်းရဲငြိုငြင်ခြင်း၊ ညှင်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ် ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက် ခြင်းကို ခံရသော်လည်း၊ ……။” ( ရောမ ၈း ၃၅-၃၆ )

ဤဒုက္ခဆင်းရဲခြင်းက ကျွန်ုပ်တို့အား “ခရစ်တော်၏မေတ္တာနှင့် ကျွန်ုပ်တို့ကို မကွယ်စေနိုင်ပါ။” ( ရောမ ၈း ၃၅က)

“သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရလိမ့်မည်။” ( ယောဟန် ၁၆း ၃၃ )

ရေနွေးပူပေါ်လောင်းခြင်းခံရသော ရှင်ယောဟန် တမန်တော်အားလုံးတို့သည် ခရစ် တော်ကို ယုံကြည်ကြခြင်းကြောင့် အသေသတ် ခြင်းကို ခံကြသည်။ ခရစ်ယာန်များသည် ခေတ်ကာလအဆက်ဆက်တွင် ဒုက္ခဝေဒနာကို ခံကြရသည်။ Foxe’s Book of Martyrs သည် သမိုင်းတလျှောက် ခရစ်ယာန်မာတုရတို့ခံရသော ဒုက္ခဝေဒနာအကြောင်းကို တင်ပြ ထားသည့် အလွန်ကောင်းမွန်သော စာအုပ်ဖြစ်ပါသည်။ ဒေါက်တာ Paul Marshall က ဤသို့ဆိုသည်။

အမေရိကန်အလယ်ပိုင်းအပူပိုင်းဒေသတွင် တရုတ်အလုပ်သမား စခန်း၊ ပါကစ္စတန်ထောင်၊ အိန္ဒိယအဓိကရုဏ်များနှင့်ဆူဒန်ရွာများ တို့တွင် ရေတွက်မကုန်နိုင်သောယုံကြည်သူများသည် ၎င်းတို့၏ ယုံကြည်ခြင်းအတွက် အဖိုးအခကို ပေးဆပ်နေကြသည်။ ( ၎င်း၊ စာ- ၁၆၀ )

ဆူဒန်နိုင်ငံတွင် ခရစ်ယာန်များသည် ကျွန်ခံကြရသည်။ အီရန်နိုင် ငံတွင် သူတို့သည် လုပ်ကြံခြင်းကို ခံရကြသည်။ ဂျူဗားတွင် ထောင်သွင်းခံရကြသည်။ တရုတ်ပြည်တွင် သေသည့်တိုင်အောင် အရိုက်ခံရကြသည်။ ကမ္ဘာတစ်ဝှမ်းတွင် နိုင်ငံပေါင်း ၆၀ ကျော်၌ ၎င်းတို့၏ ယုံကြည်ခြင်းကြောင့် ဒုက္ခခံရကြသည်၊ အလွဲသုံးစား လုပ်ခြင်းခံရကြသည်၊ ဝေဒနာခံရ ကြသည်။ နှင်ထုတ်ခြင်းခံရကြပါ သည်။ 200 000 000 ခရစ်ယာန်တို့သည် ကမ္ဘာတစ်ဝှမ်းတွင ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပုန်းရှောင်နေကြသည်။ ဖိနှိပ်မှု အောက်တွင် အသက်ရှင်နေထိုင်ကြသည်။ ခွဲခြားမှုအောက်တွင် အသက်ရှင်နေထိုင်ကြရသည်။ သန်းရာပေါင်းများစွာသော ခရစ် ယာန်များသည် သူတို့၏ ယုံကြည်ချက်ကြောင့် ဒုက္ခပင်လယ်ဝေခဲ့ ကြရပါသည်။ (Paul Marshall, Ph.D., Their Blood Cries Out, Word, ၁၉၉၇၊ back jacket).

ဤအနောက်တိုင်း၌ပင်လျှင် စစ်မှန်သောခရစ်ယာန်များသည် အထီးကျန်နေရကြ သည်၊ လူ့အသိုင်းအဝန်းတွင် အထင်သေးမြင်သေး ခံရကြသည်။ ခရစ်ယာန်ဘာသာနှင့်သမ္မာ ကျမ်းစာတို့ကို တက္ကသိုလ်အခန်းများထဲတွင်ပင် ပြက်ရယ်ပြုခဲ့ကြပါသည်။ ခရစ်ယာန်များစွာ တို့သည် နေရာမရဖြစ်ကြသည်။ အချို့တို့က ၎င်းတို့အလုပ်မှ နှုတ်ထွက်ကြရသည်။ အဘယ့် ကြောင့်ဆိုသော် သူတို့သည် သခင်ဘုရား၏နေ့ရက်၌ ၎င်းတို့အသင်းတော်များတွင် ဘုရား သခင်အား ဝတ်ပြုကိုးကွယ်လိုကြသောကြောင့်ဖြစ်သည်။ ခရစ်ယာန်မဟုတ်သောမိသားစုဝင် များ၊ အားနည်းသူများ၊ နယူဧဝံဂေလိဂျယ်အဖွဲ့တို့ကလည်း ဆက်ကပ်မှုရှိသောခရစ်ယာန်များ ကို အထင်မြင်သေးကြသည်။ သရော်ကြသည်။ ယေရှုက ဤသို့မိန့်တော်မူသည်။

“သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရလိမ့်မည်။” ( ယောဟန် ၁၆း ၃၃ )

၂။ ဒုတိယအချက်၊ သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကား ကို ငါဟောပြောပြီ။

ဤစကားသည် “ခရစ်တော်၌ရှိသော” သူတို့ကို ပေးထားသော ကတိတော်ဖြစ်ပါ သည်။ “ငါ၌ရှိသောသူဖြစ်သည်။” ယေရှုခရစ်သည် အတွင်းပိုင်းငြိမ်သက်ခြင်း၏ အချုပ်အခြာ ဖြစ်တော်မူသည်။ ယေရှုက ဤသို့ မိန့်တော်မူသည်။

“ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင် တို့အား ငါပေး၏။ လောကီသားတို့ပေးသကဲ့သို့ ငါပေးသည်မ ဟုတ်…။” ( ယောဟန် ၁၄း ၂၇ )

လူတစ်ဦးသည် ခရစ်တော်ကို သိလာသောအခါ သူ့အထဲ၌ ငြိမ်သက်ခြင်းရှိလာသည်။ အခြား သူများ လုံး၀ မသိနိုင်သော ငြိမ်သက်ခြင်းကို ရရှိသည်။

ခရစ်တော် “၌” ရှိသောသူ၊ ဆုတောင်းခြင်းဖြင့် မိမိပြဿနာကို ဘုရားသခင်ထံ အပ် နှံသောသူသည် ငြိမ်သက်ခြင်းအမှန်ကို ရသည်။ ၎င်းကို သမ္မာကျမ်းစာက “ဘုရားသခင်၏ ငြိမ်သက်ခြင်း၊ နားလည်နိုင်သောဥာဏ်ကိုပေးသောအရာ” ဟု သမုတ်ထားသည်။ ( ဖိလိ ၄း၇ ) ခရစ်ယာန်တို့က ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ချုပ်နှောင်ခံရခြင်းကို အဘယ့်ကြောင့်ကျော်ဖြတ် နေရသည်ကို လောကကြီးက နားမလည်နိုင်ပေ။သူတို့သည် ယနေ့ညတွင်ပင် ကမ္ဘာအဝှမ်း တွင် ရှိနေကြသည်။

ဤငြိမ်သက်ခြင်းက ခရစ်ယာန်တို့သည် အတွင်းထဲ၌ ရုန်းရင်းဆန်ခတ်မှုမရှိ၊ စိတ်ပိုင်းဆိုင်ရာပြဿနာမရှိ၊ သို့မဟုတ် ကိုယ်ကာယ နာကျင်ခံစားမှုမရှိဟု မဆိုလိုပါ။ အမေရိ ကန်ပြည်ထောင်စုရှိ ဧဝံဂေလိဂျယ်အဖွဲများစွာက အောင်မြင်မှု၊ ကြီးပွါးချမ်းသာခြင်း၊ ပျော်ရွှင်မှု၊ ကိုယ်တိုင်တိုးတက်မှုသာ စိတ်ထဲစွဲနေကြသည်။ ထိုအရာသည် ယုံကြည်ခြင်းကြောင့် စောက် ထိုးပြောင်းပြန်လှန်ခံရသည့် တရုတ်ခရစ်ယာန်များအတွက် ရယ်ရွှင်ဖွယ်ရာဖြစ်ပါသည်။ သို့မ ဟုတ် တစ်ကိုယ်တည်း အကျဉ်းခံနေရသော ယူပန်ခရစ်ယာန်တစ်ယောက် သို့မဟုတ် ယေရှု ကို ယုံကြည်ခြင်းကြောင့် သေခြင်းကို ရင်ဆိုင်ရသည့် အီရန်နိုင်ငံရှိ ခရစ်ယာန်အတွက် ရယ်စ ရာသာဖြစ်ပါသည်။

တတိယနိုင်ငံတွင်ရှိသော ညင်းပန်းနှိပ်စက်ခြင်းခံရသည့် ခရစ်ယာန်များသည် ယေရှုက “သင် တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကား ကို ငါဟောပြောပြီ” ( ယောဟန် ၁၆း ၃၃ ) ဟု မိန့်တော်မူ သောအရာ၏ ဆိုလိုရင်းကို ပို၍ နားလည်ကြသည်။ သူတို့က ဤငြိမ် သက်ခြင်းသည် အတွင်း ငြိမ်သက်ခြင်းဖြစ်ကြောင်း၊ ၎င်းသည် သူတို့အပြစ်သည် ခွင့်လွှတ်ခြင်း ခံရသည်ကို နားလည်ခြင်း၊ ဘုရားသခင်သည် သူတို့ကို ကြည့်ရှုနေတော်မူကြောင်းကို သိရှိ ခြင်းထဲက လာသည်ကို နားလည်ကြမည်ဟု ထင်မိသည်။

၂ ကော ၁၁း ၂၄- ၂၈ ကို ဖတ်ရှုကြပါစို့။ တမန်တော်ရှင်ပေါလုအသက်တာ၌ မည် သည့်အရာဖြစ်ပျက်ကြောင်းကို သတိပြုပါ။

“ငါကြိမ်မြောက်အောင် ယုဒလူတို့လက်တွင် ဒဏ်ချက်လေးဆယ် တခုယုတ် ငါခံခဲ့ရပြီ။ သုံးကြိမ်မြောက်အောင် ကြိမ်လုံးနှင့်ရိုက်ခြင်း ကို၎င်း ငါခံရပြီ။ သုံးကြိမ်မြောက်အောင် သဘောၤပျက်ခြင်းကို ခံရ ပြီ။ တနေ့နှင့်တညဉ့်ပတ်လုံး ပင်လယ်ထဲမှာ နေရပြီ။ အကြိမ်ကြိမ် ဒေသစာရီ လှည့်လည်ပြီ။ မြစ်ကိုကူးသောဘေး၊ ထားပြတိုက် သောဘေး၊ အမျိုးသားချင်းပြုသောဘေး၊ တပါးအမျိုးသားပြုသော ဘေး၊ မြို့ရွာ၌ ရောက်သောဘေး၊ တော၌ ရောက်သောဘေး၊ ပင် လယ်ဘေး၊ညီအစ်ကိုဖြစ်ယောင်ဆောင်သော သူတို့ပြုသောဘေး၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။ ပင်ပန်းစွာ အမှုဆောင်ရွက်ခြင်း၊ အ ကြိမ်များစွာ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အကြိမ်ကြိမ်အစာရှောင်ခြင်း၊ အချမ်းအအေးခံရခြင်း၊ အဝတ်အ ချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်းများကို ငါခံခဲ့ရပြီ။ထိုအပမှုမှတပါး၊ အသင်းတော်အပေါင်းတို့ကို စိုးရိမ်သောစိတ်နှင့်ကြည့်ရှုပြုစု၍ နေ့ တိုင်းအစဉ် နှောက်ယှက်ခြင်းကို ငါခံရ၏။” ( ၂ ကော ၁၁း ၂၄- ၂၈ )

ရှင်ပေါလုက ထိုသို့သော အခြေအနေမျိုးတွင် မည်ကဲ့သို့ ငြိမ်သက်ခြင်း ရှိနိုင်မည်နည်း။ သို့ရာ တွင် သူ၌ ငြိမ်သက်ခြင်း အမှန်ရှိသည်။ ရှင်ပေါလုက အဖြေကို ဖိလိပိ ၄း ၆၊ ၇ တွင် ပေးထား ပါသည်။

“အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီး မွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာပြုသောအားဖြင့် သင်တို့ တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြား လျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှ ကြံ၍မမှီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့ စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။” ( ဖိလိ ၄း ၆- ၇ )

ရှင်ပေါလုသည် အသက်တာတွင် ဒုက္ခဆင်းရဲခြင်းများစွာကို ကျော်ဖြတ်ရသည်။ သို့ရာတွင် သူ သည် “အရာအားလုံးကို သိနားလည်သည့် ဘုရားသခင်၏ငြိမ်သက်ခြင်းရှိကြောင်း” ကို ဤနေ ရာတွင် ပြောဆိုထားသည်။

၃။ တတိယအချက်၊ “မစိုးရိမ်ကြနှင့်။ ငါသည် လောကကို အောင်ပြီ”

သင်သည် ဤဒုက္ခဆင်းရဲခြင်းကို ဖြတ်ကျော်ခြင်းရှိမရှိ ကျွန်ုပ်သိချင်မိသည်။ လောက တက္ကသိုလ်များရှိ လူငယ်များသည် အတန်းတစ်ခုပြီးတစ်ခု သင်ယူလေ့လာနေကြသည်။ သူ တို့က ခရစ်ယာန်ဘာသာနှင့်သမ္မာကျမ်းစာကို နစ်နစ်နာနာဖြင့် တိုက်ခိုက်ကြသည်။ အထင် မြင်သေးကြသည်။ ပြီးတော့ ပြက်ရယ်ပြုကြသည်။ “ကျွန်ုပ်သည် ခရစ်ယာန်တစ်ဦးအနေဖြင့် လုပ်နိုင်ပါသလား။ ကောလိပ်ကျောင်းသားများက ထင်နေကြသည်။ “ယခုကြုံနေရသည့် ဒုက္ခ ဝေဒနာများကို ဖြတ်ကျော်နိုင်ပါ့မလား။ လူတွေက ကျွန်ုပ်တို့ ဆန့်ကျင်နေကြသည့်အခါ ထိုသို့ လုပ်ဆောင်နိုင်ပါသလား။ ကျွန်ုပ်သည် ကြောက်ရွှံ့တုန်လှုပ်သောအခါ ထိုယုံကြည်ချက်ကို ဆုပ်ကိုင်နိုင်ပါသလား။ ကျွန်ုပ်သည် အဲလောက်ကြီးမားသည့် ယုံကြည်ခြင်းကို ပိုင်ဆိုင်နိုင်ပါ သလား။

ယခုအခါ အလွန်စည်းကမ်းကြီးသော ခရစ်ယာန်များကို ရယ်ရွှင်ဖွယ်ရာအဖြစ် လှောင် ပြောင်နေကြသည်။ သင်သည် ယေရှုအတွက် အများကြီးလုပ်တာပါပဲ၊ စသဖြင့် ပြောကြသည်။ သူတို့က သင့်အား တနင်္ဂနွေနံနက်ပိုင်းတွင် တစ်နာရီဝတ်ပြုခြင်း သို့မဟုတ် လုံး၀ ဝတ်ပြုခြင်း အစီအစဉ် မလုပ်ခြင်းဖြင့် လွယ်ကူသည့် ဘာသာရေးသမားဟုပင် သမုတ်ကြပေလိမ့်မည်။ သူတို့က ခရစ်တော်နောက်မလိုက်ရရင် ပိုတောင်ပျော်အုံးမည်ဟု ပြက်ရယ်ပြုနိုင်ကြသေး သည်။ ကားတိုင်းထမ်းနေစရာမလိုပါဘူး။ ဒုက္ခခံစရာလည်းမလိုဘူး။ သို့မဟုတ် နာကျင်မှုကို တမင်ခံနေစရာလဲ မလိုပါဘူး ဟု ဆိုကြပေမည်။ “အားလုံးကို မေ့ပစ်လိုက်ပါ။ အားလုံးကို ထားခဲ့ပြီး အဆင်ပြေသည့် လမ်းသာ လျှောက်ပါ။” သူတို့က သင့်အပေါ် ဖိအားတွေကို ပေး လိမ့်မည်။ ယေရှုက “သင်တို့သည် ဤလောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်” ဟု မိန့်တော် မူသည့်အတိုင်းပင် ဖြစ်ပါသည်။

သို့ရာတွင် ခရစ်တော်က “စိုးရိမ်ခြင်းမရှိကြနှင့်။ လောကကို ငါအောင်ပြီ” ဟု မိန့်တော် မူခဲ့သည်။ ရောမ ၈း ၃၅- ၃၉ ကို ဖတ်ရွက်မည်။ နားထောင်ကြည့်ပါ။

“ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့်ငါတို့ကို အဘယ်သူ ကွာစေမည် နည်း။ အကယ်စင်စစ်၊ ကိုယ်တော်အတွက် အကျွန်ုပ်တို့သည် အ စဉ်မပြတ် အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဘို့ရာထားသော သိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါးမှတ်တတ်ကြပါ၏ဟု ကျမ်းစာ လာသည်နှင့်အညီ၊ ဆင်းရဲငြိုငြင်ခြင်း၊ ညှင်းဆဲနှိပ်စက်ခြင်း၊ မွတ် သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ် မျက်ခြင်းကို ခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့်ငါတို့ကို ကွာစေမည်နည်း။ မ ကွာစေသည်သာမက၊ ငါတို့ကို ချစ်တော်မူသောသူ၏ ကျေးဇူး တော်ကြောင့်၊ ငါတို့သည် ထိုအမှုခပ်သိမ်းတို့ကို ခံစဉ်တွင်ပင် အ ထူးသဖြင့် အောင်မြင်ကြ၏။ အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ် ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင် လာလတံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအ ရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အား ဖြင့်ခံရသောဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကိုမကွာစေနိုင် ဟု ငါသည် သဘောကျလျက်ရှိ၏။” ( ရောမ ၈း ၃၅- ၃၉ )

ခရစ်တော်သည် သင့်ထံသို့လာသောအခါ အလုံးကို ယူဆောင်သွားလိမ့်မည်။ သင့်ကို ဆွဲကိုင်လိမ့်မည်။ စွန့်ပစ်မထားပါ။ သင်သည် ခရစ်တော်ထံသို့ လာလျှင် သူ့ကို ဆုပ်ကိုင်ဖို့ မဟုတ်ပါ။ သူက သင့်ကို ဆုပ်ကိုင်လိမ့်မည်။ သင်သည် ပြောင်းလဲလာသည်နှင့်တပြိုင်နက် ခရစ်တော်၌ လုံခြုံမှုကို ရရှိလိမ့်မည်။ တတိယနိုင်ငံတွင် သန်းပေါင်း ၂၀၀ သော လူဦးရေသည် ခရစ်တော်က ၎င်း၏နောက်လိုက်များကို ဆုပ်ကိုင်ထားပြီး ကောင်းကင်မြော်လင့်ချက်မပေးဘဲ ပျက်စီးစေခြင်းအလျဉ်းမရှိကြောင်း ၎င်းတို့၏ ခရစ်ယာန်ယုံကြည်ခြင်းကို သက်သေထူရန် ဒုက္ခ ဝေဒနာခံလိုစိတ်ရှိကြသည်ဟူသော အချက်ကို တွေ့ရသည်။ ခရစ်တော်ထံသို့လာပါ။ ကယ် တင်ခြင်းအမှုအလုပ်စုံကို သူလုပ်ဆောင်မည်။ စောင့်ရှောက်ခြင်းအလုံးစုံကိုလည်း လုပ်ဆောင် မည်။ တရားဒေသနာမတိုင်မှာ မစ္စတာ Ngann ၏ တေးသီချင်းအတိုင်းပင်ဖြစ်ပါသည်။

ယေရှုကို မှီခိုသောဝိညာဉ်သည် အားကိုးစရာရှိသည်၊
   သူ၏ရန်သူများအလည် လုံးဝစွန့်ပစ်မထား၊ စွန့်ပစ်မထားပါ။
ထိုဝိညာဉ်သည် ငရဲမင်းက တုန်လှုပ်စရာ မြိုချလိုသော်လည်း၊
   သူ့ကို လုံး၀ စွန့်ပစ်မထား၊ စွန့်ပစ်မထားပါ။
( “ခိုင်မာသောအုတ်မြစ်တစ်ခု,” ‘K’ in Rippon၏ ရွေးချယ်သောသံပုံသီချင်း၊ ၁၇၈၇ )

ဤတရားဒေသနာ၏ခေါင်းစဉ်မှာ “ဘေးဒဏ်ကာလအတွင်း ခွန်းအားယူစရာနှင့် သတိပေးထားချက်- ယခုနှင့်အနာဂတ်ကာလအတွက်” ဟူ၍ဖြစ်ပါသည်။ ယနေ့ညတွင် ခွန် အားပေးလိုသည်။ သို့သော် တခါတည်း သတိလည်းပေးလိုသည်။ ယခု ကျွန်ုပ်တို့ ရင်ဆိုင်ကြုံ တွေ့နေရသော အခက်ခဲဒုက္ခပြဿနာများသည် အခြားနေရာ၌ လူတို့ကြုံတွေ့သောအရာနှင့် နှိုင်းယှဉ်လျှင် အသေးအမွှားလေးသာဖြစ်ပါသည်။ တတိယကမ္ဘာတွင် ခရစ်ယာန်များသည် ရိုက်ပုတ်ခြင်း၊ ထောင်သွင်းခြင်း၊ ယေရှုကိုယုံကြည်ခြင်းအတွက် အသေသတ်ခြင်းပင် ခံရကြ သည်။ အမေရိကန်ပြည်ရှိ ကျွန်ုပ်တို့၏ အသက်ရှင်မှုသည် အခြားနေရာ၌ရှိသောလူတို့၏ အ သက်ရှင်မှုနှင့်ယှဉ်လျှင် ပျော်စရာကောင်းသည်။ အနာဂတ်တွင် ဤနေရာ၌ ခရစ်ယာန်များအ တွက် ပိုမိုခက်ခဲလာလိမ့်မည်။ ဖိအားများသည် ပ်ိုမိုဆိုးရွားလာမည်။ အလုပ်လည်းပြုတ်နိုင် သည်။ အိမ်၊ ငွေတွေကိုလည်း ဆုံးရှုံးလာနိုင်သည်။ ယခုအချိန်တွင် ထိုအခက်ခဲသည် အခြား နိုင်ငံများ၌ ဖြစ်ပျက်နေသည်။ သင့်မိတ်ဆွေ၊ ဆွေမျိုးများက သင့်ကို ဆန့်ကျင်လာကြမည်။ ဘေးဒဏ်အကြောင်းကို ယေရှုမိန့်တော်မူသောအခါ “ထိုကာလ၌ ညီအစ်ကိုချင်း တယောက် ကိုတယောက် သေစေခြင်းငှါ အပ်လိမ့်မည်။ အဘသည်လည်း သားကို အပ်လိမ့်မည်။ သားသ မီးတို့သည်လည်း မိဘကို ရန်ဘက်ပြု၍ သေစေကြလိမ့်မည်။ လူအပေါင်းတို့သည်လည်း ငါ၏ နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။” ( မာကု ၁၃း ၁၂၊ ၁၃ ) ဤအရာသည် အခြား နိုင်ငံများတွင် ယခုပင် ဖြစ်ပျက်နေသည်။ လူတို့က ထိုခုနှစ်နှစ်မတိုင်မှီ သင်တို့ကို ငြင်းပယ်ကြ လျှင် မအံ့ဩပါနှင့်။

ပရောဖက် ယေရမိက “သင်သည် ခြေသည်တို့နှင့်ပြိုင်ပြေး၍ မောလျှင် မြင်းတို့နှင့်အ ဘယ်သို့ပြိုင်နိုင်မည်နည်း။ စိုးရိမ်ခြင်းမရှိ၊ ငြိမ်ဝပ်စွာနေရသောပြည်၌မောလျှင်၊ ယော်ဒန်မြစ်၏ ဂုဏ်အသရေထဲမှာ အဘယ်သို့ပြုလိမ့်မည်နည်း” ( ယေရမိ ၁၂း ၅ ) ဟု မိန့်တော်မူသည်။ သင် သည် ယခုအချိန် ဒုက္ခဆင်းရဲအချို့ကို ဖြတ်သန်းကောင်းဖြတ်သန်းပေမည်။ သို့သော် ယနေ့ သေးငယ်သော ဖိအားကိုပင် ခံနိုင်ရည်မရှိလျှင် သာ၍ဆိုးသောအချိန်ကာလရောက်လာလျှင် မည်သို့ဖြစ်မည်နည်း။ သင်သည် ခရစ်ယာန်အသက်တာကို ယနေ့အားလပ်ရက်အဖြစ် အ သက်ရှင်နိုင်ခြင်းမရှိလျှင် မုန်တိုင်းလာသောအခါ မည်သို့ဖြစ်မည်နည်း။ သင်သည် ခိုင်မာသော ခရစ်ယာန်တစ်ယောက်ဖြစ်ရန် တိုက်တွန်းနှိုးဆော်လိုသည်။ ယခုအချိန်၌ ခိုင်ခံမှုရှိလျှင် နောင် တွင် ခိုင်ခံ့သောသူဖြစ်လာမည်။ သင်းအုပ်ဆရာ Richard Wurmbrand ရေးသားသည့် ခရစ်တော်၏ဒုက္ခဆင်းရဲ စာအုပ်ကို ဖတ်ရှုသောအခါ ခရစ်ယာန်အသစ်တစ်ဦးအနေဖြင့် ထို အကြောင်းအရာများကို စဉ်းစားမိသည်။ ၎င်းသည် စာအုပ်တစ်အုပ်မျှသာဖြစ်သည်။ သို့သော် အသက်တာကို ပြောင်းလဲစေသည်။ ခရစ်ယာန်တစ်ဦးဖြစ်ခြင်းသည် အမြဲတမ်း ပန်းခင်းလမ်း မဟုတ်။ ခက်ခဲကြမ်းတမ်းနိုင်သည်။ ခက်ခဲကြမ်းတမ်းသည်။ “သို့သော် စိုးရိမ်ခြင်းမရှိပါနှင့်။” ( ယောဟန် ၁၆း ၃၃ ) သို့သော် ပေးဆပ်ရသည်ကို သိနားလည်ပါ။ ( လုကာ ၁၄း ၂၈ ကို ဖတ် ပါ ) အဖိုးအခရှိပါသည်။ အကြောင်းမှာ သင်သည် ခရစ်တော်နှင့်အတူ ထာဝရအသက်ရှင်ရပါ မည်။

ယနေ့ည ဤနေရာတွင်ရှိသော ဝိညာဉ်ပျောက်ဆုံးသူများကို စကားပြောရမည်။ ယေရှု က သင်တို့အားလုံးကို ချစ်သည်။ သူသည် သင်တို့အပြစ်ကိုယ်စား လက်ဝါးကပ်တိုင်တွင် အ သေခံပေးသည်။ သင့်အပြစ်ကိုဆေးကြောရန် အသွေးသွန်းလောင်းခဲ့သည်။ သူသည် သင့် အား အသက်ကိုပေးရန် သင်္ချိုင်းမှ ထမြောက်ခဲ့သည်။ သူ့ကို ယုံကြည်ကိုးစားလျှင် ထာဝရအ သက်ကိုရမည်။ ယေရှုကို ယုံကြည်ကိုးစားခြင်းသည် စကားလုံးအနည်းငယ်သာမဟုတ်။ ယေရှု ကို ကိုးစားခြင်းဟူသည်မှာ ယေရှုကို ကိုးစားခြင်းပင်ဖြစ်သည်။ ဟုတ်ပါသည်။ ခက်ခဲသည့် အ ချိန်ကာလကို အမှန်တကယ် ကြုံတွေ့လာနိုင်သည်။ သင်သည် အမှန်တကယ် ဒုက္ခပင်လယ် ဝေနိုင်သည်။ သို့သော် ဘာမျှ စိုးရိမ်စရာမရှိပါ။ အလုံးစုံကို ယေရှုထိထားပါသည်။ သင်သည် ယေရှုကို ယုံကြည်ကိုးစားလျှင် ခရစ်တော်နှင့်အတူ ထာဝရအသက်ရှင်ခွင့်ရလိမ့်မည်။ ယေရှု ကို ယုံကြည်ကိုးစားခြင်းနှင့်ပတ်သက်ပြီး ကျွန်ုပ်နှင့်ပြောဆိုဆွေးနွေးလိုလျှင် ရှေ့က ခုံတန်းနှစ် တန်းဆီသို့လာပါ။ အာမင်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ ဂုဏ်တော် ချီးမွမ်းခြင်းကို မစ္စတာ Jack Ngann ထံမှ ကြားရသည်။
“ခိုင်မာသောအုတ်မြစ်” (“K” in Rippon ၏ သံပုံသီချင်းရွေးချယ်မှုမှ ဖြစ်သည်။ ၁၇၈၇ )


အခှပှေုကမြွး

ခက်ခဲသည့်ကာလ၌ ခွန်အားနှင့်သတိပေးချက်-
ယခုနှင့်အနာဂတ်ကာလ၌အကျဉ်း

ENCOURAGEMENT AND WARNING IN TRIBULATION –
NOW AND IN THE FUTURE

တရားဒေသနာကို Dr. R. L. Hymers, Jr. ရေးသားပြီး
ဒေါက်တာ Christopher L. Cagan ဟောပြောသည်။

“သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကား ကို ငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရ ကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကို အောင်ပြီဟု မိန့်တော်မူ၏။” ( ယောဟန် ၁၆း ၃၃ )

( ဗျာဒိတ် ၆း ၉၊ ၇း ၁၄၊ မဿဲ ၂၄း ၂၁၊ ၁ သက် ၄း ၁၆-၁၇ )

၁။ ပထမအချက်၊ “သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြမည်။” ၂ ကော ၁၂း ၇၊ ရောမ ၈း ၃၅- ၃၆။

၂။ ဒုတိယအချက်၊ “သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကား ကို ငါဟောပြောပြီ။” ယောဟန် ၁၄း ၂၇၊ ၂ ကော ၁၁း ၂၄- ၂၈၊ ဖိလိ ၄း ၆- ၇။

၃။ တတိယအချက်၊ “မစိုးရိမ်ကြနှင့်။ ငါသည် လောကကို အောင်ပြီ” ရောမ ၈း ၃၅- ၃၉၊ မာကု ၁၃း ၁၂၊ ၁၃၊ ယေရမိ ၁၂း ၅၊ လုကာ ၁၄း ၂၈။