Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




နောက်ဆုံးသောနေ့အတွက် နိမိတ်လက္ခဏာများ

SIGNS OF THE LAST DAYS
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၈ ခုနှစ်
စက်တင်ဘာလ ( ၉ ) ရက်၊ သခင်ဘုရား၏နေ့ ညနေပိုင်းတွင်
ဟောကြားသော Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, September 9, 2018


တပည့်တော်များက ကမ္ဘာကြီး၏အဆုံးသတ်ကို သိလိုစောကြသည်။ သူတို့က “ကိုယ် တော်သည် ကြွလာ၍ဤကပ်ကမ္ဘာကုန်သောနိမိတ်သည် အဘယ်ကာလမှဖြစ်မည်ကို၎င်း၊ ကိုယ်တော်သည် ကြွလာ၍ ဤကပ်ကမ္ဘာကုန်သောပုပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို ၎င်း” မေးမြန်းခဲ့ကြသည်။ ( မဿဲ ၂၄း ၃ ) သူတို့က နိမိတ်ပေးရန် ခရစ်တော်အား တောင်းဆိုခဲ့ ကြပါသည်။ သူသည် သူတို့အား မဿဲ ၂၄၊နှင့် လုကာ ၂၁ ရှိ ပုံဥပမာစကားများ တွင်ပေးထားသော နိမိတ်များစွာကို ပေးထားသည်။ မဿဲ ၂၄ တွင် နိမိတ်ပေါင်းများစွာကို ပေးထားပါသည်။ လုကာ ၂၁က အများစုပေးထားသည်။ ယနေ့ညတွင် အထူးသဖြင့် လုကာ ၂၁ ကို နားထောင်ကြပါစို့။ “ကိုယ် တော်သည် ကြွလာ၍ဤကပ်ကမ္ဘာကုန်သောနိမိတ်သည် အဘယ်ကာလမှဖြစ်မည်ကို၎င်း၊ ကိုယ်တော်သည် ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပနိ မိတ်သည် အဘယ်နိမိတ်ဖြစ်မည်နည်း။” လုကာက အခန်းကြီး ၂၁ တွင် နိမိတ်များစွာကို ပေး ထားပါသည်။ ရှေးဦးစွာ ၂ ပေတရုကို ကြည့်ကြပါစို့။

၂ ပေတရု သုံး၊ အငယ် ၃ ကို ကြည့်ကြပါစို့။ ၎င်းသည် Scofield Study ကျမ်းစာတွင် စာမျက်နှာ ၁၃၁၉ ၌ တွေ့ရှိရပါသည်။ ၎င်းက ဤသို့ဆိုပါသည်။

“ရှေးဦးစွာ သိမှတ်အပ်သောအရာဟူမူကား၊ နောက်ဆုံးသော ကာ လ၌ ပြက်ရယ်ပြုတတ်သောသူတို့သည်၊ မိမိတို့တပ်မက်ခြင်းအ တိုင်း ကျင့်နေ၍၊” ( ၂ ပေ ၃း ၃ )

ယနေ့ညတွင် “နောက်ဆုံးသောကာလရှိ နိမိတ်လက္ခဏာများ” ဟူသော ခေါင်းစဉ်ဖြင့် တရားဒေသနာဟောကြားမည်။ အကြောင်းမှာ ကျွန်တော်တို့သည် ယခုတွင် နောက်ဆုံးသော ကာလ၌ အသက်ရှင်နေကြပါသည်။ အချိန်သည် တိုတောင်းလျက်ရှိပါသည်။

၂ ပေတရု ၃း ၃ ရှိ “နောက်ဆုံးသောကာလတွင် ပေါ်လာကြလိမ့်မည်” ဟူသော ဖော် ပြချက်ကို သတိပြုပါ။ “နောက်ဆုံးသောကာလ” စကားလုံးကို သတိပြုပါ။ သင်သည် ထိုဖော် ပြချက်ကိုနှင့်ယူဆချက်အကြောင်းကို ကျမ်းစာထဲ၌ ထပ်ခါ ထပ်ခါ တွေ့ရလိမ့်မည်။

သမ္မာကျမ်းစာက နောက်ဆုံးသောနေ့ရက်ကာလအဖြစ် သိရှိထားသည့် အချက်တစ်ခု သမိုင်းတွင်ရှိသည်ဟု ဆိုသည်။ သမ္မာကျမ်းစာသင်ပေးသည့်ဆရာများစွာက ကျွန်ုပ်တို့သည် ထိုနေ့ရက်ကာလကို ရောက်နေကြသည်ဟု ဆိုတတ်ကြသည်။ သူတို့ပြောစကား မှန်ကန် သည်ဟု ပြောလိုသည်။ သတ်မှတ်နေ့ရက်များနှင့်ပတ်သက်ပြီး သမ္မာကျမ်းစာက သတိပေး ထားပါသည်။ “နောက်ဆုံးသောနေ့ရက်ကာလ” အဖြစ် လူသိများသည့် အချိန်ကာလသည် ရှိ နေသည်။ နိမိတ်လက္ခဏာတိုင်းက ကျွန်ုပ်တို့သည် ထိုအချိန်ကာလထဲတွင် ရောက်ရှိနေ ကြောင်းညွှန်ပြနေပါသည်။ Leonard Ravenhill က “ဤနေရက်တို့သည် နောက်ဆုံးသော နေ့ရက်ဖြစ်ပါသည်” ဟု ဆိုသည်။

၂ ပေတရု ၃း ၃ တွင်တွေ့ရသည့် နောက်ထပ် စကားလုံးတစ်ခုမှာ “ပြက်ရယ်ပြုသော သူများ” ဖြစ်ပါသည်။ဤသူတို့က ခရစ်တော် ဒုတိယအကြိမ်ကြွလာမည်ဟူသော အယူအဆ နှင့်ကမ္ဘာကြီး၏အဆုံးသတ်ဟူသောအယူအဆကို ပြက်ရယ်ပြုကြသည်။ သူတို့က စော်ကား၊ ပြက်ရယ်ပြုလျက်၊ ရယ်မောနေကြသည်။သူတို့သည် နေရာတကာ အပြစ်မြင်နေသူများ၊ နှင့် မယုံကြည်သူများပင်ဖြစ်ကြပါသည်။ သူတို့က “ဘုရားသခင်ကို မည်သည့်နေရာ၌မျှ ရှာမတွေ့ နိုင်ပါ။ ဘုရားသခင်က ကမ္ဘာကြီးကို အဆုံးသတ်ပေးမယ်ဆိုတာ ဘယ်လိုမှ တွေးမရပါ။ ဘုရား သခင်တစ်ဆူတည်းရှိသည်မှာလည်း မသေချာပါ” ဟု ဆိုကြသည်။ သူတို့က အနာဂတ်တရား စီရင်ခြင်းကိုလည်း ပြက်ရယ်ပြုကြသည်။ ကောင်းကင်ပေါ်ကနေ မြေကြီးပေါ်သို့ ယေရှုနောက် တဖန် ပြန်လာမည်ဟူသောအယူအဆများကို ပြက်ရယ်ပြုကြသည်။ ဘုရားသခင်၏ပြင်းစွာ သောအမျက်ကြောင့် ကမ္ဘာကြီးအဆုံးသတ်မည်ကိုလည်း ရယ်မောပျက်ရယ်ပြုကြပါသည်။

“ရှေးဦးစွာ သိမှတ်အပ်သောအရာဟူမူကား၊ နောက်ဆုံးသော ကာ လ၌ ပြက်ရယ်ပြုတတ်သောသူတို့သည်၊ မိမိတို့တပ်မက်ခြင်းအ တိုင်း ကျင့်နေ၍၊” ( ၂ ပေ ၃း ၃ )

+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

ကျွန်တော်တို့၏တရားဒေသနာများကို သင်၏လက်ကိုင်ဖုန်းတွင် ယခုနားထောင်နိုင်ပါပြီ WWW.SERMONSFORTHEWORLD.COM သို့သွားပါ။
အပေါ်တွင် “အက်ပ်” ဟူသောစကားလုံးပါရှိသည့် အစိမ်းရောင်အလုံးလေးကို နှိပ်ပါ။
ပေါ်လာသည့် ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်ပါ။

+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

သူတို့သည် အဘယ့်ကြောင့် ပြက်ရယ်ပြု ရယ်မောနေကြသနည်း။ နောက်လာသည့် စကားလုံးက “မိမိတို့တပ်မက်ခြင်းအတိုင်းကျင့်၍” “တပ်မက်ခြင်းနောက်သို့လိုက်နေကြ သည်” ဟု ဆိုထားပါသည်။ သူတို့သည် အပြစ်ထဲ၌ ကျင်လည်နေကြသည်။ သို့ဖြစ်သော ကြောင့် သူတို့သည် ခရစ်တော်ထံသို့ လာချင်သောစိတ်မရှိကြ။ အပြစ်နှင့်ချည်နှောင်သောအ သက်တာဖြင့် အသက်ရှင်လိုနေကြသည်။ သူတို့သည် ၎င်းတို့တပ်မက်ခြင်းအတိုင်း သွားနေ ကြပါသည်။ သူတို့သည် ခရစ်တော်ထံသို့ မလာချင်ကြပါ။ သူတို့ကျူးလွန်သောအပြစ်ဒုစရိုက် ကို တပ်မက်စွဲလန်းနေကြသည်။ သို့ဖြစ်၍ သူတို့သည် ဘုရားသခင်၏တရားစီရင်ခြင်းနှင့်သက် ဆိုင်သော သမ္မာကျမ်းစာသွန်သင်ချက်များကို လစ်လျူရှုကြသည်။ သူသည် မေတ္တာရှင်ဘုရား ဖြစ်သည်။ သို့သော် အမျက်ထွက်၍ တရားစီရင်သောဘုရားလည်းဖြစ်ပါသည်။ သူသည် အပြစ်နှင့်မကောင်းမှုများကို ဆန့်ကျင်သောဘုရားဖြစ်ပါသည်။ ဤပြက်ရယ်ပြုသော မကောင်း သည့်အရာများသည် သက်သေကို သတိပြုမိကြမည်မဟုတ်။ သူတို့သည် သမ္မာကျမ်းစာကို လည်း ဖတ်ရှုကြမည်မဟုတ်။ သူတို့သည် သမ္မာတရားကိုလည်း မသိလိုကြပါ။ အကြောင်းမှာ သူတို့သည် မှားယွင်းသောအရာကို လက်ခံယုံကြည်သူများဖြစ်ကြသည်။ သူတို့သည် သူတပါး ကို ပြက်ရယ်ပြုသောသူများသာဖြစ်ကြသည်။ မိမိတပ်မက်ခြင်းတရားနောက်သို့ကျင့်သောသူ များဖြစ်ကြပါသည်။

နောက်ထပ်ကျမ်းပိုဒ်က “ရှေးကာလ၌မိုးဃ်းကောင်းကင်ကို၎င်း၊ ရေထဲကထွက်၍ ရေ ဖြင့်တည်သော မြေကြီးကို၎င်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ဖြစ်စေတော်မူကြောင်း နှင့်၊” ဟု ဆိုထားသည်။ ( အပိုဒ် ၇ ကို ကြည့်ပါ။ ) “ယခုရှိသော မိုးဃ်းကောင်းကင်နှင့်မြေကြီးမူ ကား၊ တရားဆုံးဖြတ်၍ အဓမ္မလူတို့ကိုဖျက်ဆီးသော နေ့ရက်တိုင်အောင်၊ ထိုနှုတ်ကပတ်တော် အားဖြင့် သိုထားလျက်ရှီ၍၊ မီးရှို့ခြင်းအဘို့အလို့ငှါ နေရစ်သတည်း။” ( ၂ ပေ ၃း ၃-၇ )

ယခုတွင် အပိုဒ်ငယ် တစ်ဆယ်ကို ကြည့်ကြပါစို့။

“သူခိုးသည် ညဉ့်အခါလာသကဲ့သို့၊ ထာဝရဘုရား၏နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုဃ်းကောင်းကင်သည် ကြီးစွာသောအသံ နှင့်တကွ ပျောက်သွားလိမ့်မည်။ လောကဓာတ်တို့သည် ပူအား ကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာ ပြု လုပ်သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။”

ကျမ်းပိုဒ်များက တရားစီရင်သောနေ့ရက်သည် ရောက်လာတော့မည်ဟု ဆိုသည်။ အ ပြစ်နှင့်ပြည့်နေသောလောကကြီးသည် ဘုရားသခင်၏ရှေ့တရားစီရင်ရာရှေ့တွင် ရပ်တော်မူ မည်။ သင်သည် မပြောင်းလဲသောသူဖြစ်လျှင် ထိုနေ့ရက်၌ ဘုရားသခင်ရှေ့တွင် ရပ်ရမည်။ သင်သည် ကယ်တင်ခြင်းသို့မရောက်လျှင် အပြစ်အလျောက်စီရင်ခြင်းကို ခံရမည်။

တပည့်တော်များက ထိုနေ့ရက်အကြောင်းကို မေးမြန်းနေကြသည်။ သူတို့က “ကပ် ကမ္ဘာကုန်သောပုပနိမိတ်သည် အဘယ်နိမိတ်ဖြစ်သည်” ကို မေးမြန်းကြသည်။ ( မဿဲ ၂၄း ၃ )

ယခုတွင် ဘုရားသခင်က နိမိတ်ပေါင်းများစွာကို ပေးထားသည်။ ထိုအရာထဲက အ နည်းငယ်ကို အစဉ်လိုက်ရေးသားထားမည်။

၁။ ပထမအချက်၊ နောက်ဆုံးသောကာလနီးကောင်းပြသသည့် အလင်္ကာဆိုင်ရာ နိမိတ်လက္ခဏာရှိပါသည်။

ယေရှုက ဖြစ်လာမည်အကြောင်း မိန့်ဆိုထားသည်။

“အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ မိုဃ်းကောင်း ကင်၌လည်း ကြောက်မက်ဖွယ်သောအရာနှင့်ကြီးစွာသော ပုပနိ မိတ်တို့သည် ပေါ်ထွန်းကြလိမ့်မည်။ ထိုအခါ၊ နေ၊ လ၊ ကြယ် နက္ခတ်တို့၌ ပုပနိမိတ်ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူ အမျိုးမျိုးမငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုး ကြီးခြင်း၊ မြေကြီးပေါ်မှာ ဖြစ်လတံ့သော ဘေးများကိုမြော်၍ ကြောက်လန့်သဖြင့်၊ လူများတို့၏အသက်ဆုံးခြင်း အမှုအရာတို့ သည် ဖြစ်ကြလိမ့်မည်။” ( လုကာ ၂၁း ၁၁၊ ၂၅-၂၆ )

ထိုအကြောင်းကို စဉ်းစားကြည့်ပါ။ ယေရှုက လူတို့စိတ်နှလုံးသည် “မြေကြီးပေါ်တွင်” ဖြစ်ပျက် သမျှသောအရာများကို မြင်တွေ့ကြသောအခါ အားနည်းကျဆုံးလိမ့်မည်ဟု မိန့်တော်မူသည်။ သူက စိတ်ပျက်ခြင်းနှင့်ပူပန်ခြင်းများရှိမည်အကြောင်း ဆိုသည်။ အကြောင်းမှာ “ထိုအရာများ သည် မြေကြီးပေါ်တွင် အမှန်တကယ် ဖြစ်ပျက်လာမည်။”

သိပ်မကြာသေးခင်က သိပံပညာရှင်များက မိုင်နေးပြည်နယ်လောက် ကျယ်သည့် မြောက်ဝန်းရိုးစွန်း၌ အိုးစုန်းလွှာပေါက်သည်ကို တွေ့ရှိခဲ့ကြသည်။ ထိုင်းမဂ္ဂဇင်း၌ သတင်းထူး ရှိပါသည်။ ၎င်းမှာ သူတို့က အိုစုန်းလွှားကို ပြန်လည်ဖာထေးကြသည်။ “ကြီးမားသည့် မယ်တွန်ဖြစ်သည်။ အာတိတ်သမုဒ္ဒရာတွင် အပူချိန်မြင့်လာသောအခါ ဂြိုလ်ပတ်ဝန်းကျင်တွင် အအေးဓါတ်ကို ထုတ်ပို့ပေးသည်။” (Time magazine, စက်တင်ဘာ ၄၊ ၂၀၀၀၊ စာ-၅၂-၅၆ ) ထိုင်းမဂ္ဂဇင်းက “အနည်းငယ်ဖာထေးမှုသည်ပင်လျှင် မြောက်ပိုင်းရာသီဥတုကြောင့် မဖြစ်နိုင်” ဟု ဆိုသည်။ သိပံပညာရှင်များစွာက ကျွန်တော်တို့သည် ရေခဲဖုံးသည့်ခေတ်ကာလသစ်ကို တဖန် ဝင်ရောက်နိုင်ကြမည်ကို စိုးရိမ်ကြသည်။ Penn State University ရှိ ပထဝီပညာရှင် ဒေါက်တာ Richard Alley ၏ ဆောင်းပါးက “အပူချိန်ကျခြင်းသည် သမိုင်းမှတ်တမ်းတွင် လူ သားများကို ထိခိုက်စေသော အပြောင်းအလဲများထက် ပို၍ကြီးမားသည်” ဟု ဆိုသည်။ ဤအ ရာများသည် လူသားတို့၏ အဆုံးသတ်ဖြစ်လေမလား။ ဒေါက်တာ Alley က “မဟုတ်ပါ။ လူ သားများအတွက် သက်သောင့်သက်သာမဖြစ်သည့်အချိန်ကာလဖြစ်သည်။ လုံး၀ သက် သောင့်သက်သာမဖြစ်သည့်အချိန်ကာလ” ဟု ဆိုသည်။

ဘဝသည် လက်နက်နှင့်စစ်ပွဲဖြင့် ပြည့်နှက်နေသည်၊
   လူတိုင်းသည် အောက်တန်းစားများကို နင်းချေကြသည်၊
အားလုံးအဆင်သင့်ဖြစ်ရန် အလိုရှိသည်။
   ( “အားလုံးကို အဆင်သင့်ဖြစ်စေလိုသည်၊” Larry Norman, ၁၉၄၇-၂၀၀၈ )

သင်သည် အဆင်သင့်ဖြစ်ပါသလား။

ဒေါက်တာ Alley ကဲ့သို့သော သိပံပညာရှင်များသည် ကြောက်ရွံ့လျက်နေကြသည်။

“မြေကြီးပေါ်မှာဖြစ်လတံ့သောဘေးများကို မြော်၍ ကြောက်လန့်သ ဖြင့်၊ လူများတို့၏အသက်ဆုံးခြင်းအမှုအရာတို့သည် ဖြစ်ကြလိမ့် မည်။” ( လုကာ ၂၁း ၂၆ )

သင်တို့သည် မြောက်ဝန်ရိုးစွန်း၏ဖာထေးထားသောနေရာကို ပြန်ကြည့်လျှင် လာမည့် ၂၅ နှစ်တွင် လုံး၀ ရေခဲပြင်ဖြစ်သွားနိုင်သည်ဟု ဆိုကြသည်။ ကြောက်ခမန်းလိလိပင်ဖြစ်ပါ သည်။ အေအိုင်ဒီအက်စ်သည် အာဖရိကကို အစိုးရနေပြီး ကြည့်လျှင် အသောကိုမသတ်နိုင်ပါ ဘူး။ ၎င်းသည် ကြောက်မက်ဖွယ်ရာပင်ဖြစ်ပါသည်။ ဂျူဗာကျူလိုဆစ်ကို တိုက်ခိုက်သည့် အန် ဒီဘိုင်အိုတစ်ကိုကြည့်သောအခါ အခြား “သဘာဝလွန်” ရောဂါပိုးသည် ဆေးဝါးကို တိုးနိုင် ခြင်းမရှိတော့ပါ။ ၎င်းသည် ကြောက်စရာကောင်းသောအရာပင်ဖြစ်ပါသည်။

လူငယ်အများစုတို့သည် အနာဂတ်နှင့်ပတ်သက်ပြီး စိုးရိမ်နေကြသည်။ မကြာသေးခင် က ရွေးကောက်ပွဲက ဆယ်ကျော်သက်၏ ၈၀ ရာခိုင်နှုန်းက လှပသောအနာဂတ်မရှိသည်ကို ပြသကြပါသည်။ ထိုရွေးကောက်ပွဲက ဆယ်ကျော်သက်များ မကြာခဏစိုးရိမ်ပူပန်တတ်ကြ သည်ကို ပြသနေကြပါသည်။

ကျွန်တော်တို့၏ကမ္ဘာကြီးသည် တစ်နေ့ထက်တစ်နေ့ ပျက်စီးလာနေကြောင်းကို လူ ငယ်များက သိကြသည်။ တောင်ကယ်ရိုလိုင်းနားတွင် တစ်နှစ်ပတ်လုံး အအေးမိနေသည့်အ ချိန်၌ သင်သည် မည်သည့်အရာကို လုပ်ဆောင်မည်နည်း။

“မြေကြီးပေါ်မှာဖြစ်လတံ့သောဘေးများကို မြော်၍ ကြောက်လန့်သ ဖြင့်၊ လူများတို့၏အသက်ဆုံးခြင်းအမှုအရာတို့သည် ဖြစ်ကြလိမ့် မည်။” ( လုကာ ၂၁း ၂၆ )

လူသားများသည် ကျွန်တော်တို့၏ကမ္ဘာဂြိုလ်တွင် ပျက်စီးနေကြောင်း စိုးရိမ်နေကြပါ သည်။ သူတို့၏ပတ်သက်မှုကို ဝေမျှနေကြသည်။

ကျွန်တော်နှင့်မိန်းမသည် ဝင်းခြံတွင် ထိုင်နေကြသည်။ သူမကို “လိပ်ပြာလေး နင် နောက်ဆုံးတွေ့သည့်အချိန်မှာ မည်သည့်အချိန်နည်း” ဟု မေးမြန်းလိုက်သည်။ ဖားကလေး ကို နောက်ဆုံးမြင်ရသည့်အချိန်မှာ မည်သည့်အချိန်ဖြစ်သနည်း။ သူတို့သည် ထွက်သွားကြပြီ။ ထွက်သွားတာ သိပ်တော့အကြာကြီးမဟုတ်သေးပါဘူး” ဟု သူမကို ပြောလိုက်သည်။ သူမက “ကျွန်တော်တို့က ပတ်ဝန်းကျင်ကြောင့် အမှန်တကယ် ဖရိုဖရဲဖြစ်နေသည်” ဟု ဆိုလိုက်ပါ သည်။ လူတစ်ဦးက ကျွန်တော့်ကို “ကျွန်တော်တို့သည် မိမိတို့အသိုက်ကို ဖျက်ဆီးနေကြ သည်။ ကမ္ဘာကြီးကို ပျက်စီးအောင် လုပ်နေကြသည်” ဟုဆိုသည်။ သူပြောတာကို သဘောတူ တာက ဝမ်းနည်းစရာပါ။ သူသည် အခု သေဆုံးသွားပြီ။

အလင်္ကာ၌ တွေ့ရှိရသော ကြောက်မက်ဖွယ်ပြဿနာများကို သတင်းစာ၌ နေ့တိုင်း မှတ်တမ်းတင်ထားပါသည်။ ထိုအရာများသည် ကမ္ဘာကြီးအဆုံးသတ်၏နိမိတ်၊ ခရစ်တော် ဒုတိယအကြိမ်ကြွလာဖို့ နီးကပ်ပြီဟူသော နိမိတ်ပင်ဖြစ်ပါသည်။ သမ္မာကျမ်းစာက “သင်၏ ဘု ရားသခင်နှင့်တွေ့ဆုံရန်ပြင်ဆင်ထားပါ” ဟု ဆိုသည်။ သင်သည် ပြင်ဆင်ဖို့ အချိန်နည်းနေပြီ။ Larry Norman က ဤသို့ဆိုသည်။

ဘဝသည် လက်နက်နှင့်စစ်ပွဲဖြင့် ပြည့်နှက်နေသည်၊
   လူတိုင်းသည် အောက်တန်းစားများကို နင်းချေကြသည်၊
အားလုံးအဆင်သင့်ဖြစ်ရန် အလိုရှိသည်။

သင်သည် အဆင်သင့်ဖြစ်ပါသလား။

သင်သည် ယခုအချိန်၌ ဘုရားကျောင်းထဲဝင်လာပြီး ခရစ်တော်ကို ရှာတွေ့ရန်ဖြစ် သည်။ အချိန်သည် ကျွန်တော်တို့ကမ္ဘာကြီးအတွက် ပြေးလွှားနေသည်။ သင်တို့သည် အလျှင် စလိုလုပ်ပြီး ခရစ်တော်ကို ရှာဖွေရမည်။ ပြောင်းလဲရမည်။ တရားစီရင်ခြင်းမတိုင်မှီ ဤအသင်း တော်ထဲ၌ နက်နက်နဲနဲပါဝင်ရမည်။ သင်သည် ခရစ်တော်၌ ရှိနေလျှင်၊ဘုရားသခင်သည် သင့် ကို အကာအကွယ်ပေးမည်အကြောင်း ကတိထားတော်မူသည်။ နာကျင်မှုမရှိအောင် စောင့် ရှောက်မည်ဟု ကတိပြုထားသည်။

စောင်မပါ၊ ကယ်တင်ရှင်ဘုရား၊ အကျွန်ုပ်ကိုစောင်မပါ၊
   ဘဝမုန်တိုင်းများ ငြိမ်သက်သည်အထိ၊
ကောင်းကင်တပ်ချလျက် စောင့်ရှောက်ပေးပါ၊
   နောက်ဆုံးနေ့၌ အသက်ဝိညာဉ်ကို ကယ်တင်ပါ။
( “စိတ်ဝိညာဉ်ကိုချစ်သောယေရှု၊” Charles Wesley, ၁၇၀၇-၁၇၈၈ )

၂။ ဒုတိယအချက်၊ နောက်ဆုံးသောကာလနီးကြောင်းပြသသည့် လူမျိုးနှင့်ဆိုင် သော နိမိတ်လက္ခဏာများ။

လုကာ ၂၁း ၂၀ က ဤသို့ဆိုသည်။

“ထိုမှတပါး လူတမျိုးနှင့်တမျိုး ( ဂရိစကားလုံး အင်နိုး သို့မဟုတ် လူမျိုးနွယ်စု ) တနိုင်ငံနှင့် ( လူမျိုးနွယ်စု ) တနိုင်ငံ ( ဘယ်ဆီ လင်=တိုင်းနိုင်ငံ ) ရန်ဘက်ပြုကြလိမ့်မည်။ ( နိုင်ငံအစု )” ( လုကာ ၂၁း ၁၀ )

ထိုအကြောင်းကြောင့် ယနေ့တွင် ကျွန်တော်တို့မြင်တွေ့နေရသည်။ ကျွန်တော်တို့၏နည်း ပညာအားလုံးနှင့်သိပံပညာတွင် ကျွန်တော်တို့သည် လူမျိုးများကြား၌ ပဋိပက္ခများ အဆုံးမ သတ်နိုင်သေးပါ။ တိုင်းနိုင်ငံများကြား၌ စစ်ပွဲများ အဆုံးမသတ်နိုင်သေးပါ။ သမ္မတတိုင်းက အာရပ်နှင့်ဂျူးများကြား၌ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် ကြိုးစားအားထုတ်ကြသည်။ သို့သော် အားလုံးက မစွမ်းဆောင်နိုင်ကြပါ။ ခရစ်တော်ကြွလာမှသာလျှင် လူမျိုးတိုင်း၊ လူမျိုး နွယ်စုတိုင်း၌ ငြိမ်းချမ်းရေးရှိမည်။ ခရစ်တော် ကြွလာမှသာလျှင် တိုင်းနိုင်ငံများနှင့်လူမျိုးနွယ်စု များကြား၌ ငြိမ်းချမ်းရေး ရှိလာမည်ဖြစ်သည်။ ထိုအရာကို အဘယ်သူမျှ မလုပ်ဆောင်နိုင်ပါ။ ကြွလာမည့် အန္တီခရစ်ပင်လျှင် မအောင်မြင်နိုင်ပါ။ ယေရှုသာလျှင် မတူညီသောလူမျိုးနွယ်စု၊ နှင့်လူမျိုးစုတိုင်းနှင့်တိုင်းနိုင်ငံတို့ကြား၌ ဖြစ်ပျက်နေသော ပဋိပက္ခကို အဆုံးသတ်ပြီး ငြိမ်း ချမ်းရေးကို ဖော်ဆောင်ပေးနိုင်မည်။ သူသည် မြေကြီးပေါ်သို့ကြွလာသောအခါ ( ထိုအ ချိန်မှသာ )မြေကြီးပေါ်၌ စစ်မှန်သောငြိမ်းချမ်းရေး ဖြစ်လာပြီး လူသားအားလုံး၌ ကောင်း သောအရာ ဖြစ်လာမည်။

ဘဝသည် လက်နက်နှင့်စစ်ပွဲဖြင့် ပြည့်နှက်နေသည်၊
   လူတိုင်းသည် အောက်တန်းစားများကို နင်းချေကြသည်၊
အားလုံးအဆင်သင့်ဖြစ်ရန် အလိုရှိသည်။

သင်သည် ယနေ့ညတွင် အဆင်သင့်ဖြစ်ပါသလား။

၃။ တတိယအချက်၊ နောက်ဆုံးသောကာလနီးလာကြောင်းပြသသည့် ပတ်ဝန်း ကျင်ရှိ မုန်းတီးရေးသမားများနှင့်ဆိုင်သည့်နိမိလက္ခဏာဖြစ်ပါသည်။

လူမိုက်အများစုတို့သည် ယုဒလူမျိုးများဖြစ်သည် မြေကြီးပေါ်၌ ဘုရားသခင် ရွေး ကောက်ထားသောလူများကို မုန်းတီးကြသည်။ ရှင်လုကာ ၂၁ က ဤသို့ဆိုပါသည်။

“ယေရုရှလင်မြို့ကို ဗိုလ်ခြေများဝန်းရံလျက်ရှိသည်ကို သင်တို့သည် မြင်သောအခါ၊ ထိုမြို့သည် ပျက်စီးခြင်းသို့ ရောက်လုသည်ကို သိ မှတ်ကြလော့။” ( လုကာ ၂၁း ၂၀ )

အာတီဆယ်မီတီဝါဒ၏ ယုဒလူမျိုးများအပေါ် အမုန်းအငြိုးသည် နောက်ဆုံးသောနေ့ရက်တွင် ပိုပို၍ ကြီးထွားလာမည်။ တပါးအမျိုးသားတို့၏ ထိုကြီးမားသောစစ်တပ်သည် ယေရုရှလင်ရှိ ယုဒလူမတို့ကို တိုက်ခိုက်ကြမည်။ ဖျက်ဆီးဖို့ ကြိုးစားအားထုတ်ကြမည်။ သူတို့သည် ဟစ်တ လာက ဒုတိယကမ္ဘာစစ်တွင် ယုဒလူမျိုးများကို သတ်ဖြတ်သည့်အတိုင်း လုပ်ဆောင်ကြမည်။ သို့ရာတွင် ယုဒလူမျိုးများမှာ သမ္မာကျမ်းစာအရ မြေကြီးပေါ်၌ ဘုရားသခင် ရွေးကောက်ထား သောလူမျိုးဖြစ်ပါသည်။ သမ္မာကျမ်းစာက ဤသို့ဆိုပါသည်။

“သူတို့သည် ရွေးကောက်တော်မူခြင်းအားဖြင့်မူကား၊ ဘိုးဘေးများ အကြောင်းကြောင့် ချစ်သူဖြစ်ကြ၏။” ( ရောမ ၁၁း ၂၈ )

အာဗြဟံ၊ မောရှေ၊နှင့်ပရောဖက်များအတွက် မဟုတ်လျှင် သင်သည် ယနေ့ညတွင် ဤနေရာ၌ ရှိကြမည်မဟုတ်ပါ။ သို့ဖြစ်၍ သမ္မာကျမ်းစာကို ယုံကြည်သောနှစ်ခြင်းအသင်း တော်များသည် ဂျူးလူမျိုးတို့အား ထောက်ခံရသည်အကြောင်းရင်းဖြစ်ပါသည်။

သို့ရာတွင် သမ္မာကျမ်းစာက အပြစ်ရှိသောလောကကြီးသည် နောက်ဆုံးသောကာလ တွင် ဂျူးလူမျိုးကို ဆန့်ကျင်မည်ဟု ဆိုပါသည်။ ဘုရားသခင်က ဤသို့ဆိုသည်။

“ယေရုရှလင်မြို့ကို လူမျိုးအပေါင်းတို့အား လေးသောကျောက် ဖြစ်စေမည်။” ( ဇာခရိ ၁၂း ၃ )

ထိုအရာသည် ယခုဖြစ်ပျက်လျက်ရှိနေသည်။ ဤအရာများက ကျွန်တော်တို့သည် နောက်ဆုံး သောနေ့ရက်တွင် ရှိနေကြကြောင့် နိမိတ်လက္ခဏာပင်ဖြစ်ပါသည်။

ဘဝသည် လက်နက်နှင့်စစ်ပွဲဖြင့် ပြည့်နှက်နေသည်၊
   လူတိုင်းသည် အောက်တန်းစားများကို နင်းချေကြသည်၊
အားလုံးအဆင်သင့်ဖြစ်ရန် အလိုရှိသည်။

သင်သည် အဆင်သင့်ဖြစ်ပါသလား။

၄။ စတုတ္ထအချက်၊ ဘာသာရေးနှင့်ဆိုင်သောနိမိတ်လက္ခဏာများ- နောက်ဆုံး သောကာလနီးကြောင်းပြသသည့် မှားယွင်းသောဘာသာတရားရှိ လှည့်ဖြား ခြင်းနိမိတ်လက္ခဏာများ

“ကိုယ်တော်က သင်တို့သည် လှည့်ဖြားခြင်းသို့ မလိုက်မပါမည်အ ကြောင်း သတိပြုကြလော့။….. ထိုသူတို့နောက်သို့ မလိုက်ကြ နှင့်။” ( လုကာ ၂၁း ၈ )

ယေရှုက ဤသို့မိန့်တော်မူသည်။

“အကြောင်းမူကား၊ ခရစ်တော်၏အယောင်ဆောင်သောသူတို့နှင့် …..ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြား လောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှု တို့ကို ပြုကြလိမ့်မည်။” ( မဿဲ ၂၄း ၂၄ )

တီဗွီအင်မှာ သင်တွေ့သမျှသောအရာရဲ့ အများစု- ဤအရာနှင့်ပတ်သက်ပြီး ချာရယ် ၁၇ တွင် သင်မြင်တွေ့သောအရာသည် လှည့်ဖြားမှုတစ်ခုသာဖြစ်ပါသည်။ Benny Hinn သည် မုသာ ကို သုံးသူဖြစ်ပါသည်။ Joel Osteen သည် မုသာပြောသောသူဖြစ်သည်။ ဧဝံဂေလိ ရေဒီယိုလှိုင်းနှင့်ရုပ်သံအများစုသည် မုသာဖြင့် ရောပြွန်းနေသည်။ ဒေါက်တာ McGee ကလွဲရင် မည်သူ့ကိုမျှ မကြိုက်ပါ။ မထောက်ခံပါ။ ရိုးသားဟန်ဆောင်ဧဝံဂေလိသမားများကို မယုံကြည်ပါ။

“အကြောင်းမူကား၊ နောင်ကာလ၌ လူတို့သည် စင်ကြယ်သော ဩဝါဒကို နားမခံနိုင်ဘဲ၊ ယားတတ်သောနားရှိလျှင်၊ မိမိတပ်မက် ခြင်းအတိုင်း များပြားသောဆရာတို့ နောက်သို့လိုက်ကြလိမ့်မည်။” ( ၂ တိ ၄း ၃ )

ထိုအရာမှာ ယခုဖြစ်ပျက်နေသောအရာများဖြစ်ပါသည်။ အဆုံးပိုင်းသည် နီးကပ်လာပါသည်။

၅။ ပဥ္စမအချက်၊ နောက်ဆုံးသောကာလနီးလာကြောင်းပြသသည့် ဘာသာရေး ညှင်းပန်းနှိပ်စက်မှုများနှင့်ဆိုင်သောနိမိတ်လက္ခဏာများ

ခရစ်ယာန်များအပေါ် ညှင်းပန်းနှိပ်စက်ခြင်းသည် ဆီးတားမရနိုင်သောနှုန်းထားဖြင့် ကမ္ဘာတစ်ဝှမ်းတွင်ဖြစ်ပျက်နေသည်။ ဥပမာအားဖြင့် ခရစ်ယာန်များသည် တရုတ်လို ကွန်မြူနစ်နိုင်ငံများတွင် တိတ်တဆိတ်တွေ့ဆုံကြရသည်။ လော့အိန်ဂျယ်တိုင်းသတင်းစာက တရုတ်ပြည်တွင် ဝိညာဉ်ရိတ်သိမ်းသူသုံးဦးကို ပြည်နှင်ဒဏ်ပေးလိုက်သည့်အကြောင်း တင်ပြ ခဲ့သည်။

မှန်ကန်သည့် သတင်းတစ်ရပ်၏ဖော်ပြချက်အရ၊ တရုတ်သည် တရုတ်ပြည်အချက်အချာကျသောနေရာ၌ ပရိုတဲ့စတင်းဝတ်ပြု ကိုးကွယ်သူများကို တိတ်တဆိတ်တွေ့ရှိရပြီးနောက် ယူအက်စ် ဧဝံဂေလိ( ဝိညာဉ်ရိတ်သိမ်းသူများ ) သုံးဦးကို ပြည်နှင်ဒဏ်ပေးခဲ့ ကြပါသည်။ သူတို့နှင့်အတူ ဝတ်ပြုကိုးကွယ်ကြသော တရုတ်လူ မျိုးများကိုလည်း အကျဉ်းချထားကြောင်း သတင်းက ဆိုပါသည်။ ဆက်လက်၍ ပရိုတဲ့စတင်းဝတ်ပြုကိုးကွယ်သူတို့၏နောက်လိုက် အယောက် ငါးဆယ်ကိုလည်း မတူညီသောနေရာသုံးခု၌ ဖမ်းဆီး ကြောင်း တရုတ်ပြည်ရှိ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီလှုပ်ရှားမှု ၏ ဟောင်ကောင်အခြေစိုက်သတင်းငှါနက ထုတ်ပြန်ထားပါ သည်။

ယေရှုက ယနေ့ ကျွန်တော်တို့တွေ့မြင်နေကြသည့် ကမ္ဘာတစ်ဝှမ်း ခရစ်ယာန်ညှင်း ပန်းနှိပ်စက်မှုအကြောင်းကို ကြိုတင်ဟောပြောခဲ့ပါသည်။ သူက ဤသို့မိန့်တော်မူသည်။

“ထိုအမှုအရာမဖြစ်မှီ လူများတို့သည် …….ထောင်ထဲ၌၎င်း အပ်နှံ ကြလိမ့်မည်။” ( လုကာ ၂၁း ၁၂ )

ထို့နောက် သူက မိဘများနှင့်ဆွေမျိုးများက သင်သည် စစ်မှန်သောခရစ်ယာန်ဖြစ်လာလျှင် ညှင်းပန်းနှိပ်စက်လိုကြပေမည်။ ထိုသို့သောအဖြစ်အပျက်များသည် ဤနေရာဖြစ်သည့် လော့ အိန်ဂျယ်၌ပင်လျှင် ထပ်ခါ ထပ်ခါ ဖြစ်ပျက်နေပါသည်။ ခရစ်တော်က ဤသို့ဆိုသည်။

“သင်တို့မိဘ၊ ညီအစ်ကို၊ ပေါက်ဘော်၊ အဆွေခင်ပွန်းတို့သည် သင် တို့ကို အပ်နှံကြလိမ့်မည်။ အချို့တို့ကိုလည်း သတ်ကြလိမ့်မည်။ လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြ လိမ့်မည်။” ( လုကာ ၂၁း ၁၆-၁၇ )

ခရစ်တော်က မိဘနှင့်မိတ်ဆွေများစွာတို့က သင်သည် စစ်မှန်သောခရစ်ယာန်တစ်ဦးဖြစ်လာ လျှင် ရန်လိုမုန်းတီးကြပေလိမ့်မည်ဟု မိန့်တော်မူခဲ့သည်။ မရီကြပါနှင့်။ ထိုအရာသည် ကမ္ဘာ မြေကြီး၏ဒေသအများစုတွင် ဖြစ်ပျက်နေသောအရာဖြစ်ပါသည်။ မွတ်စလင်တို့သည် ကျွန် တော်တို့ကို မုန်းတီးကြသည်။ သတ်ဖြတ်ကြသည်။ အကျဉ်းလည်း ချထားကြပါသည်။

ပထမအချက်မှာ သူတို့သည် ဘုရားကျောင်းသို့လာပြီး ကယ်တင်ခြင်းသို့မရောက်ရန် ဆီးတားမှုကို အကောင်းဆုံး လုပ်ဆောင်ကြပါသည်။ သို့သော် သင်သည် ဘုရားကျောင်းသို့ စဉ်ဆက်မပြတ်ရောက်လာလျှင်၊ သင်သည် ကယ်တင်ခြင်းသို့ရောက်လျှင် သင့်ဘက်ဆီသို့ လှည့်ပြီး မုန်းတီးကြပေမည်။ သူတို့မဆီးတားနိုင်သည်ကို မြင်ကြသောအခါ လပေါင်းများစွာ ကြာအောင် သူတို့စိတ်ထဲ၌ သင်ရှိနေပေမည်။

သို့ရာတွင် ပေးဆပ်မှုကို ရေတွက်ပါ။ သင်သည် စစ်မှန်သောခရစ်ယာန်တစ်ဦးဖြစ်လာ လျှင် လုံး၀ ကြိုက်ကြမည်မဟုတ်။ တစ်ဦးဦးက လာပြီး ဆန့်ကျင်လိမ့်မည်။ အမှောင်ကာလအ ချိန်၌ စစ်မှန်သောခရစ်ယာန်တစ်ဦးဖြစ်ရသည်မှာ ပေးဆပ်ရပါသည်။ ဤအရာများပင်လျှင် နောက်ဆုံးသောကာလ၏ နိမိတ်လက္ခဏာများပင်ဖြစ်ပါသည်။

ဘဝသည် လက်နက်နှင့်စစ်ပွဲဖြင့် ပြည့်နှက်နေသည်၊
   လူတိုင်းသည် အောက်တန်းစားများကို နင်းချေကြသည်၊
အားလုံးအဆင်သင့်ဖြစ်ရန် အလိုရှိသည်။

သင်သည် အဆင်သင့်ဖြစ်ပါသလား။

၆။ နောက်ဆုံးအချက်၊ ကျွန်တော်တို့သည် နောက်ဆုံးကာလတွင် ရောက်နေကြ ကြောင်းပြသရန် ခရစ်တော်က နိမိတ်လက္ခဏာခြောက်ခုကို ပေးထားပါသည်။ ၎င်းတို့ကို “စိတ်ပညာဆိုင်ရာနိမိတ်များ” ဟု သတ်မှတ်ထားပါသည်။

ခရစ်တော်က ဤသို့မိန့်တော်မူသည်။

“သင်တို့သည် ကိုယ်ကိုယ်ကိုသတိပြုကြလော့။ သို့မဟုတ် အစား အသောက်လွန်ကြူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပူ ပန်လျက်နေစဉ်တွင်၊ ထိုနေ့ရက်သည် အမှတ်တမဲ သင်တို့နှင့် ကြုံ တွေ့လိမ့်မည်။ ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို့ မြေတပြင်လုံး၌ နေသောလူအပေါင်းတို့ကို အုပ်မိလိမ့်မည်။” ( လုကာ ၂၁း ၃၄-၃၅ )

အကြိမ်အနည်းငယ်မျှသာ ဘုရားကျောင်းသို့လာသော လူငယ်လေးတစ်ဦးက “လာ မည့်တနင်္ဂနွေနေ့တွင် ကျွန်ုပ်လာနိုင်မှာ မဟုတ်ဘူး။ ကျွန်ုပ်အဒေါ်အိမ်ပြောင်းတာကို ကူညီရ မယ်” ဟု ဆိုသည်။ ထိုအလုပ်ကို လုပ်ဖို့ ခြောက်ရက်တောင် အချိန်ရသည်။ သို့သော် သူအ လုပ်က တနင်္ဂနွေနေ့တွင်သာ လုပ် “ခဲ့ရ” သည်။ သူသည် ဘ၀ပြဿနာရဲ့ဖိစီးမှုကို ခံရသည်။ ယနေ့တွင် လူတော်တော်များများက အသက်ကို ဆုံးရှုံးပြီး မိုက်မဲသောအလုပ်ကို လုပ်ကြပါ သည်။ သူတို့သည် ဤဘ၀စောင့်ရှောက်မှုတွင် အလုပ်ရှုပ်နေကြသည်။ ဘုရားသခင်၏အမျက် တော်သည် သတိမထားမိချိန်တွင် ရောက်ရှိလာမည်။ အဆုံးသတ်သည် အမှန်ရောက်လာပါ လိမ့်မည်။

ဘဝသည် လက်နက်နှင့်စစ်ပွဲဖြင့် ပြည့်နှက်နေသည်၊
   လူတိုင်းသည် အောက်တန်းစားများကို နင်းချေကြသည်၊
အားလုံးအဆင်သင့်ဖြစ်ရန် အလိုရှိသည်။

သင်သည် အဆင်သင့်ဖြစ်ပါသလား။

သင်သည် အတိတ်က မူးယစ်ဆေးဝါးနှင့်လိင်မှုရေးရာကို စွဲလန်းနှစ်ခြိုက်သူ ဖြစ် ကောင်းဖြစ်နိုင်သည်။ သို့သော် ထိုအရာများက သင့်မိသားစုကို ပြဿနာထဲ တွန်းပို့ပေးလိမ့် မည်။ နှစ်ပေါင်းများစွာတွင် လူငယ်စုံတွဲ၌ ထိုသို့သောအရာများစွာ ဖြစ်ပျက်နေသည်ကို မြင် တွေ့ခဲ့ရပါသည်။

ယေရှုက ဤသို့မိန့်တော်မူသည်။

“ထို့ကြောင့် သင်တို့သည် ဖြစ်လတံ့သောအမှုအရာတို့နှင့်ကင်း လွတ်၍ လူသားထံသို့ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက် စောင့်နေကြ လော့ဟု မိန့်တော်မူ၏။” ( လုကာ ၂၁း ၃၆ )

နောက်ဆုံးသောကာလနှင့်လာလတံ့သောတရားစီရင်ခြင်းအတွက် သင် အဆင်သင့်ဖြစ်ရန် လိုအပ်လျက်ရှိပါသည်။ သင်လုပ်ဆောင်ရမည့်အရာသုံးခုကို ဖော်ပြပေးထားပါသည်။

( ၁ ) ဘုရားကျောင်းသို့လာပါ။ သင်သည် ဘုရားကျောင်းသို့မလာ လျှင် သင့်ကို အဘယ်အရာကမျှ ကူညီပေးမည်မဟုတ်။

( ၂ ) ခရစ်တော်ထံသို့လာပါ။ သူသည် သင့်အပြစ်အတွက် အသေ ခံပေးပါသည်။ သူသည် ကိုယ်ကာယအားဖြင့် သေခြင်းမှ ထ မြောက်တော်မူခဲ့သည်။ သူသည် အသက်ရှင်လျက် ယခု တွင် ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်နေသည်။ သူသည် သင့်အတွက် ထိုအရပ်တွင် ရှိနေသည်။ သူ့ထံသို့ ယခုလာပါ။ ယေရှုကို ကိုးစားပြီး ကယ်တင်ခြင်းကို ရယူပါ။

( ၃ ) ဤဘုရားကျောင်းသို့ လာရုံသက်သက်မဟုတ်ပါ။ ခရစ်တော် ထံသို့ လာရုံသက်သက်မဟုတ်ပါ။ ဆုလည်း တောင်းရပါ မည်။ ဆုတောင်းခြင်းသည် နောက်ဆုံးသောကာလ၌ အောင်မြင်သောခရစ်ယာန်အသက်တာဖြင့် အသက်ရှင်နိုင် သည့် သော့ချက်ဖြစ်သည်ဟု ယေရှုက မိန့်တော်မူခဲ့သည်။


သင်သည် လာမည့် တရားစီရင်ခြင်းထဲက မည်သို့လွတ်မြောက်နိုင်မည်နည်း။ သမ္မာ ကျမ်းစာက “ခရစ်တော်သည် ကျွန်ုပ်တို့အပြစ်များကို မိမိကိုယ်ပေါ်တင်လျက် ကားတိုင်ပေါ် တွင် အသေခံသည်” ဟု မိန့်တော်မူသည်။ ခရစ်တော်သည် သင်တို့၏ကိုယ်စားခံသောသူဖြစ် ပါသည်။ သူသည် သင့်နေရာ၌ အပြစ်ပေးခြင်း၊ လက်ဝါးကပ်တိုင်၌ သင့်အပြစ်ကြွေးကို ဆပ် ပေးခဲ့ပါသည်။ ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်၌ မြတ်တွေးတော်ကို သွန်းလောင်းခဲ့ပါ သည်။ သင့်အပြစ်အလုံးစုံကို ဆေးကြောနိုင်ပါသည်။ သင်သည် သူတဖန်လာသောအခါ အ ဆင်သင့်ဖြစ်ရန်လိုအပ်ပါသည်။ ယနေ့ညတွင် ယေရှုခရစ်ကို ယုံကြည်ကိုးစားရန် တိုက်တွန်း လိုပါသည်။ Charles Wesley က ဤသို့ဆိုပါသည်။

စောင်မပါ၊ ကယ်တင်ရှင်ဘုရား၊ အကျွန်ုပ်ကိုစောင်မပါ၊
   ဘဝမုန်တိုင်းများ ငြိမ်သက်သည်အထိ၊
ကောင်းကင်တပ်ချလျက် စောင့်ရှောက်ပေးပါ၊
   နောက်ဆုံးနေ့၌ အသက်ဝိညာဉ်ကို ကယ်တင်ပါ။

ဓမ္မသီချင်းက ဤသို့ဆိုသည်။

ယေရှုသည် ယနေ့ကမ္ဘာကြီးအတွက် အဖြေတစ်ခုဖြစ်ပါသည်၊
သူမှတပါး အခြားမရှိ၊ ယေရှုသည် လမ်းခရီးဖြစ်သည်။

ယနေ့ညတွင် ယေရှုကို ယုံကြည်ကိုးစားပါ။ သူသည် သင့်အား ကယ်တင်တော်မူလိမ့်မည်။ အာမင်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ မစ္စတာ Benjamin Kincaid Griffith က ဂုဏ်တော် ချီးမွမ်းသည်။
“အားလုံးကို အဆင်သင့်ဖြစ်စေလိုသည်၊” (Larry Norman ,၁၉၄၇-၂၀၀၈ ရေးစပ်သည်။ )


အခှပှေုကမြွး

နောက်ဆုံးသောနေ့အတွက် နိမိတ်လက္ခဏာများ အကျဉ်းချုပ်

SIGNS OF THE LAST DAYS

Dr. R. L. Hymers, Jr.

“ရှေးဦးစွာ သိမှတ်အပ်သောအရာဟူမူကား၊ နောက်ဆုံးသော ကာလ၌ ပြက်ရယ်ပြုတတ်သောသူတို့သည်၊ မိမိတို့ တပ်မက် ခြင်း အတိုင်း ကျင့်နေ၍၊” ( ၂ ပေ ၃း ၃ )

၁။ ပထမအချက်၊ နောက်ဆုံးသောကာလနီးကောင်းပြသသည့် အလင်္ကာ ဆိုင်ရာ နိမိတ်လက္ခဏာရှိပါသည်။ လုကာ ၂၁း ၁၁၊ ၂၅-၂၆။

၂။ ဒုတိယအချက်၊ နောက်ဆုံးသောကာလနီးကြောင်းပြသသည့် လူမျိုးနှင့် ဆိုင် သော နိမိတ်လက္ခဏာများ။ လုကာ ၂၁း ၁၀။

၃။ တတိယအချက်၊ နောက်ဆုံးသောကာလနီးလာကြောင်းပြသသည့် ပတ် ဝန်းကျင်ရှိ မုန်းတီးရေးသမားများနှင့်ဆိုင်သည့်နိမိလက္ခဏာဖြစ်ပါသည်။ လုကာ ၂၁း ၂၀၊ ရောမ ၁၁း ၂၈၊ ဇာခရိ ၁၂း ၃။

၄။ စတုတ္ထအချက်၊ ဘာသာရေးနှင့်ဆိုင်သောနိမိတ်လက္ခဏာများ - နောက် ဆုံးသောကာလနီးကြောင်းပြသသည့် မှားယွင်းသောဘာသာတရားရှိ လှည့်ဖြားခြင်းနိမိတ်လက္ခဏာများ၊ လုကာ ၂၁း ၈၊ မဿဲ ၂၄း ၂၄၊ ၂ တိ မောသေ ၄း ၂-၃။

၅။ ပဥ္စမအချက်၊ နောက်ဆုံးသောကာလနီးလာကြောင်းပြသသည့် ဘာ သာရေး ညှင်းပန်းနှိပ်စက်မှုများနှင့်ဆိုင်သောနိမိတ်လက္ခဏာများ။ လု ကာ ၂၁း ၁၂၊ ၁၆-၁၇။

၆။ နောက်ဆုံးအချက်၊ ကျွန်တော်တို့သည် နောက်ဆုံးကာလတွင် ရောက် နေကြကြောင်းပြသရန် ခရစ်တော်က နိမိတ်လက္ခဏာခြောက်ခုကို ပေး ထားပါသည်။ ၎င်းတို့ကို “စိတ်ပညာဆိုင်ရာနိမိတ်များ” ဟု သတ်မှတ် ထားပါသည်။ လုကာ ၂၁း ၃၄-၃၆။